Posts

Showing posts from September, 2013

ဖုန်းမှားဝင်လာလို့စိတ်ညစ်နေသလား? “ဖုန်းမလာပါနဲ့”

Image
ဖုန်းမှားဝင်လာတာတို့/ ကိုယ်ဆီမ၀င်စေချင်တဲ့ဖုန်း တို့ကို လုံးဝကာကွယ်လို့ရတယ်နော်... မြန်မာလိုရေးပြထားတာမို့ ရှင်းမပြတော့ဘူး။  လိုချင်ရင် ဒီမှာယူလိုက်                                                                             

လိုင်စင်ရ အသံတိတ် လူသတ်သမားများ

“အသားမှုန့်တွေက အချိုမှုန့်ထက် ပိုဆိုးတယ်” ... တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ကြားရသော စကားကြောင့် အိမ်ထောင်ရှင်မ ဒေါ်တင်တင်ဌေး ကြောက်လန့်စိတ် အတော်ကြီးမားသွားသည်။ ယင်းကြောင့် လက်ရှိသုံးစွဲနေသော အသားမှုန့်များ၊ အချိုမှုန့်များ နေရာတွင် မည်သည့် ဟင်းခတ်ပစ္စည်း အစားထိုးရမည်ကို ဒေါ်တင်တင်ဌေး တစ်ယောက် စဉ်းစားကြည့်သော်လည်း အဖြေမထွက်ခဲ့ချေ။ အစားအစာများ ချက်ပြုတ် ကြော်လှော်ရာတွင် သုံးစွဲနေသော အသားမှုန့်များတွင် အချိုမှုန့်များ၏ ပါဝင်ပစ္စည်းအတိုင်းသာ ပါဝင်ကြောင်း၊ အထူးသဖြင့် အချိုမှုန့်၊ အသားမှုန့်များသည် အချိုအရသာ ရရှိရန် အသုံးပြုသော်လည်း ယင်းတို့၏ ပါဝင်ပစ္စည်းများသည် အငန်ဓာတ်သာ ဖြစ်သောကြောင့် ရေရှည်စားသုံးမည် ဆိုပါက ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း မြန်မာနိုင်ငံရှိ စားသုံးသူ ကာကွယ်ရေး တာဝန်ရှိသူများနှင့် ဆေးပညာရှင် အသိုင်းအဝိုင်းက ပြောကြားထားသည်။ နေ့စဉ် အစားအစာများတွင် မပါမဖြစ် သုံးစွဲနေသော အချိုမှုန့်များကို ၁၉၀၈ ခုနှစ်တွင် ဂျပန်လူမျိုး Mr.KikunaeIkeda က စတင်တီထွင်ခဲ့ရာ ပထမဆုံး အချိုမှုန့်ကို ပင်လယ်ကျောက်ပွင့်များ၏ အစွမ်းသတ္တိကို အခြေခံကာ ထုတ်လုပ်ခဲ့သည်။ ယင်းနောက် အာဂျီနိုမိုတို အမည်ဖြင့် ကမ္ဘာကျေ...

သားဖြစ်သူက မိခင်ကိုသတ်တဲ့အမှု

ရန်ကုန်၊ စက်တင်ဘာ ၂၉ ရန်ကုန်တိုင်း ဒေသကြီး ထန်းတပင်မြို့နယ်၊ စန္ဒယော်ကျေးရွာ တွင် မိခင်ကို သားဖြစ်သူက သတ်တဲ့ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်ထားပါတယ်။ ၂၉.၉.၂၀၁၃ ရက်နေ့ ၀၆၃၀အချိန်တွင်  စန္ဒယော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မင်းစိုးသည် စန္ဒယော်ကျေးရွာနေ ဒေါ်ထွေးကြည်(ခ)ဒေါ်မိုး မှာ နေအိမ်တွင် ဓါးဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းကြားသဖြင့် သွားရောက်ကြည့်ရှုရာ ဒေါ်ထွေးကြည်(ခ)ဒေါ်မိုးတွင် ဦးခေါင်းနောက်စေ့ပြတ်ရှဒဏ်ရာ၊ ဦးနှောက်ထွက်၊ ၀ဲလက်ကောက်ဝတ်ပြတ်ရှဒဏ်ရာ၊ ၀ဲလက်ညှိုးပြတ်၊ ၀ဲကျောကုန်း ထိုးသွင်းဒဏ်ရာ၊ ၀ဲရင်အုံထိုးသွင်းဒဏ်ရာ(၃)ချက်၊ ၀မ်းဗိုက်ထိုးသွင်းဒဏ်ရာ(၂)ချက်တို့ဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရပြီး အနီးတွင် ရဲတင်း(၁)လက်၊ အရိုးအသွား(၆)လက်မခန့်ရှိဝါးရိုးတပ် မီးဖိုချောင်သုံးဓါးအကျိုး(၁)ချောင်းတို့အား တွေ့ရှိခဲ့ရကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဆိုပါ ဖြစ်စဉ်အား စုံစမ်းမေးမြန်းရာ အခင်းဖြစ်အိမ်ခေါင်းရင်းဘက် (၂၅)ပေခန့်အကွာနေ ဦးသစ်လွင်၏ ပြောပြချက်အရ ၀၃၃၀ အချိန် ခန့်တွင် သေဆုံးသူနှင့်အတူနေသားဖြစ်သူ တင်ထွန်းဝင်းတို့ စကားများကြကြောင်း၊ေ...

သင့်ရဲ့ Android Phone နဲ့ Screenshot ရိုက်ချင်ရင်

Image
ကျွန်တော့ဆိုက်ကို လာရောက်ကြည့်ရှုကြတဲ့ မိတ်ဆွေများခင်ဗျာ...Android Phone လေးနဲ့ Screenshot ရိုက်ချင် ဒီ App လေးက အရမ်းမိုက်ပါတယ်။ ရှိပြီးသားဆိုရင်လည်း မယူနဲ့ပေါ့/ မရှိသေးဘူးဆိုရင်လည်းယူသွားကြပေါ့ဗျာ...488kb ပဲရှိပါတယ်..ပုံလေးနဲ့ပြထားပါတယ်.. လိုချင်ရင် Dropbox မှာတင်ပေးထားပါတယ်.. Download

သင့်ဖုန်းကို ပေါ့ပါးပြီး ဘက်ထရီကြာရှည်ခံချင်ရင်

Image
မိတ်ဆွေများခင်ဗျား.. မိတ်ဆွေတို့ကိုင်တဲ့ ဖုန်းလေးကိုပေါ့ပါးပြီး ကြာရှည်ခံချင်ရင်  DX toolbox လေးကိုသုံးကြည့်ပါလား? ကျွန်တော်တင်ပေးထားတဲ့ App ပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ကိုယ်တိုင်တင်ပေးတာပဲဖြစ်ဖြစ်/ သူများဆီကCopy ယူတာပဲဖြစ်ဖြစ် ကိုယ်ကိုတိုင်စမ်းကြည့်ပြီးမှ တင်ပေးတာပါ..ပုံလေးကိုကြည့်ပါ.. လိုချင်ရင်အောက်က Dropbox မှာတင်ပေးထားပါတယ်/  Dropbox

တော့တီးတော့တ အရွယ် လေ့ကျင်းပေးခြင်း (ကလေးငယ်များ)

နှစ်နှစ်နှင့် သုံးနှစ်ကြား မိတ်ဆက်ပေးနိုင်သော တခြား မိမိကိုယ်မိမိ ဂရုတစိုက် စောင့်ရှောက်ခြင်းဆိုင်ရာ ကျွမ်းကျင်မှုများမှာ- →စားသောက်ပြီးချိန်၌ လက်နှင့်မျက်နှာကို ဆေးကြော၍ စင်အောင်သုတ်ခြင်း →ချောင်းဆိုးသည့်အခါ (သို့မဟုတ်) နှာချေသည့်အခါ နှပ်ညှစ်ခြင်းနှင့် ပါးစပ်ပိတ်ထားခြင်း →သွားတိုက်ခြင်း (ခြောက်နှစ်၊ ခုနှစ်နှစ်ရွယ်ရောက်သည်အထိ ကူညီဖို့လိုနေဆဲပင် ဖြစ်သော်လည်း) →ဖိနပ်သဲကြိုးချည်ခြင်း →ခေါင်းဖြီးခြင်း သို့မဟုတ် ဆံပင်သပ်ခြင်း →အရုပ်များသိမ်းဆည်းခြင်း ဤစွမ်းရည်များသည် ကျယ်ပြောသော ကမ္ဘာလောကကြီးအထဲသို့ ၀င်ရောက်ရေးတွင် အသေးအဖွဲဖြစ်ပုံရသော်လည်း ယင်းတို့မှာ တစ်ခုအပေါ်တစ်ခု မှီခိုတည်ဆောက် ဖွံ့ဖြိုးလာသော လွတ်လပ်မှုဆိုင်ရာ ကျွမ်းကျင်မှုများပင် ဖြစ်သည်။ကလေးတို့ကြီးပြင်းလာသည်နှင့်အမျှ ပိုမိုသိမ်မွေ့သော လွတ်လပ်မှုဆိုင်ရာ ကျွမ်းကျင်မှုများ ဖွံ့ဖြိုးလာစေရန် သူတို့ငယ်စဉ် အစောပိုင်းအရွယ်ကတည်းက သည်လိုအခြေခံများတည်ဆောက်ရေးအတွက် မိဘတို့က စစ်ကူပေးရန်လိုအပ်လှပါသည်။

Window XP ကိုမြန်ဆန်စေသောနည်းလမ်း

Window XP ရဲ့ လျှို့ဝှက်ချက် (40)  ချက်ထဲမှ Start menu ကိုမြန်ဆန်စေသောနည်းလမ်းလေးကိုပြောပြပါ့မယ်. အရင်ဆုံး Start- Run Box ဖွင့်ပြီး Regedit ရိုက်/ ဘယ်ဘက်panel မှာ “HEYCURRENTUSER” ကို ကလစ်နှိပ်/ -အဲဒီအထဲက “control panel” ထပ်ရွေး-အဲဒီအထဲမှ Desktop ကိုရွေး/ ညာအကွက်မှာ ”Menushowdelay”ကိုညာကလစ်နှိပ်/ Modify ကိုရွေး----Value မှာ “0” လို့ထား- Restart လုပ်...ကဲရှင်းပြီလား? လိုင်းကလဲမကောင်း...ကိုယ်ကလဲသိပ်မတတ်နဲ့  ကြာကလဲကြာ..ပိုက်ဆံတေါလဲကုန်လှပြီ/ ပိုက်ဆံများများရတဲ့နေ့ကြမှ ကျန်တဲ့အချက်တွေထပ်ရေးတော့မယ်...

မြန်မာ APK များ ရှိတဲ့နေရာလေးတစ်ခု

မိတ်ဆွေများခင်ဗျား ..မြန်မာAPK များရှိတဲ့နေရာလေးကိုညွှန်ပေးချင်ပါတယ်.. အဲဒီမှာ APK လေးတွေကိုမြန်မာလိုရေးပေးထားတော့ မသိသေးတဲ့သူတွေဆိုရင် အဆင်ပြေပါတယ်ဗျာ။ ကျန်းမာရေးနဲ့ပတ်သက်တာ၊ ပရိတ်၊ ဖုန်းနဲ့ပတ်သက်တာ..စသည်ဖြင့်ပေါ့ဗျာ...တော်ပြီ/မပြောတော့ဘူး... ကိုယ်ဘာသာသွားကြည့်တော့။ဒီနေရာကနေ... သွားပေတော့ဗျာ..

မိုးညိုမြို့နယ်၊ ရွှေခဲကျေးရွာအုပ်စုနေ ဆင်းရဲနွမ်းပါးသော ရွာသူ/ရွာသားများအား ဆန်များလှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ ရွှေခဲကျေးရွာတွင် မြစ်ရေကြီးမှုကြောင့် လူအများ စားဝတ်နေရေးများ ကျပ်တည်းခဲ့ရပါသည်။ မြစ်ရေကြီးမှုကြောင့် လူအများဒုက္ခရောက်နေချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့မှ ပရဟိတလူငယ်များအသင်း မှ ဆန် အိတ်(50)၊ မားမားခေါက်ဆွဲထုပ်များ၊ ကြက်သွန်များ၊ ဆီများ၊ လက်ဘက်ခြောက်များ (25.9.2013) ရက်နှင့် (26.9.2013) ရက်နေ့များတွင် လှူဒါန်းခဲ့ကြပါသည်။ထိုသို့လှူဒါန်းခဲ့ရာတွင် မဟာရွှေခဲကျောင်းတိုက်ဆရာတော်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ဆယ်အိမ်မှူး၊ ယာယီမှူးများ မှလိုက်ပါကူညီဆောင်ရွက်ခဲ့ကြပါသည်။

မိုးညိုမြို့နယ်၊ ရွှေခဲကျေးရွာတွင် ရေးလွှမ်းမိုးနေချိန် မရှိဆင်းရဲသားများအား ဆန်လှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ ရွှေခဲကျေးရွာတွင် မြစ်ရေကြီးမှုကြောင့် ဆင်းရဲနွမ်းပါးသောရွာသူ/ရွာသားများအား ရွှေခဲကျေးရွာမှ ပြည်သူတစ်ဦးနှင့်မိုးညိုမြို့နယ်၊  ပြည်ခိုင်ဖြိုးပါတီမှ (23.9.2013)နှင့်(24.9.2013)ရက်နေ့များတွင်   ဆန်များ လှူဒါန်းခဲ့ကြပါသည်။ ကောင်းသူရ

မိုးညိုမြို့နယ် ကျေးရွာပေါင်း ၁၅၀ ရေနစ်မြုပ်၊ အကူညီလိုအပ်

ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ်မှာ ဧရာဝတီမြစ်ရေကြီးမှုကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာ ၁၅၀ လောက် ရေနစ်မြုပ်နေပြီး အကူညီတွေ လိုအပ်နေပါတယ်။ ပဲခူးတိုင်း ဒေသကြီးမိုးညိုမြို့နယ်မှာ ဧရာဝတီမြစ်ရေကြီးမှုကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၂၅ အုပ်စု ကျေးရွာပေါင်း ၁၅၀ လောက် ရေးဘေးကြုံတွေ့နေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ မိုးညိုမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သာယာဝတီခရိုင် တွဲဖက်အတွင်းရေးမှူး ဦးတင်ဝင်းက “တချို့တွေက ခေါင်တွေမြုပ်ပြီးတော့ နွားတွေကိုလည်း တာပေါ်တွေမှာ တင်ထားရတယ်။ မိုးညိုမြို့နယ် ဧရာဝတီမြစ်ကမ်းတလျှောက် ရွာတွေမှာ အခုချိန်ထိကြီးနေတုန်းပဲ။ မြစ်ရေကတော့ နည်းနည်း ပြန်ကျသွားပြီ။ တောင်ပေါ်ရေကခံနေတော့ ရေက ရှိနေတုန်းပဲ။ တပတ်လောက်ရှိပြီ။ စားဝတ်နေရေး အတော်အခက်ခဲဖြစ်တယ်။” မိုးညိုမြို့နယ် ဆင်မနိုင်ဇုန် ဆင်ကောင်းကျေးရွာအုပ်စုမှာနေထိုင်တဲ့ လယ်သမားတဦးကတော့ ဒီနှစ်ရေကြီးတာဟာ ၁၀ နှစ်အတွင်း အဆိုးဆုံးဖြစ်ပြီး ရွာတွေ၊ လယ်နဲ့ တခြားစိုက်ပျိုးမြေတွေ ရေနစ်မြုပ်မှု အခြအနေနဲ့ပတ်သက်ပြီး အခုလို ရှင်းပြပါတယ်။ “ရေဘေးသင့် ဒုက္ခသည်တွေဆို တောင်ပေါ်တွေမှာ တင်ထားတယ်။ တော်တော်လေးတော့ အတိဒုက္ခရောက်နေကြ...

မိမိဘလော့ မြန်မြန်လေးပွင့်သွားအောင်လုပ်ချင်ရင်

Image
ကျွန်တော်လျှောက်လည်ရင်း “ဘလော့ခရီးသည်” မှာ တွေ့လို့ပြန်လည်မျှဝေလိုက်ရပါတယ် အခုဟာကတော့ဘာ Codeမှ မဟုတ်ပါဘူး၊ဒါပေမဲ့ဘလော့မိတ်ဆွေအားလုံးအတွက် အရမ်းကိုအသုံးဝင်ပါတယ်၊မိမိရဲ့ဘလော့ကဖွင့်ရတာအရမ်းကြာရင်၊ လာဖတ်တဲ့ ဘလော့သူငယ်ချင်းတွေကိုအားနားစရာကောင်းပါတယ်။ဒါကြောင့်မိမိရဲ့ဘလော့ ကိုလာလည်ကြတဲ့မိတ်ဆွေတွေအတွက်မြန်မြန်လေးပွင့်သွားအောင်ပေါ့နော် အောက်မှာသွားရမယ့် ဝက်ဘ်ဆိုက် လင့်ခ် ၃ ခုပေးထားပါတယ် မိမိကြိုက်တဲ့လင့်ခ်ထဲဝင်လို့ရပါတယ်။

အသည်းရောင် အသားဝါ B ပိုး ကာကွယ်ရေး

မြန်မာနိုင်ငံတွင် အသည်းရောင် အသားဝါ B ပိုး ကူးစက်ခံထားရပြီး၊ နောက်ဆက်တွဲ ပြင်းထန်တဲ့ နာတာရှည်ရောဂါတွေဖြစ်သော အသည်းကင်ဆာ၊ အသည်းခြောက်သည့်ရောဂါနှင့် အသည်းရောင်၊ အသားဝါ B ပိုးဟာ ဖြစ်နှုန်းများလွန်းနေပါသည်။အသည်းရောင်၊ အသားဝါ B ပိုးရောဂါအား အလွယ်တကူ ကာကွယ်ဆေးထိုးပြီး ကာကွယ်ကုသနိုင်ပါသည်။ထို့ပြင် B ပိုးရှိနေပြီးရင်လည်း  ငွေကုန်ကြေးကျ မများဘဲ ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။ သို့သော် B ပိုးရှိနေစဉ်  ရောဂါလက္ခဏာမပြဘဲ၊ ရောဂါပြင်းထန်လွန်းသည့် အဆင့်ရောက်မှ အသိနောက်ကျလျှင် ကုသရမလွယ်ကူပါ။ ထို့ကြောင့် ရောဂါရှိမရှိ ကြိုသိရှိဖို့ ဖြစ်နှုန်းများလွန်းတဲ့ မြန်မာနိုင်ငံတွင် လူတိုင်း B ပိုး ရှိမရှိကို ဆေးစစ်ကြည့်ကြဖို့ အလွန်အရေးကြီးပါကြောင်း..တိုက်တွန်းလိုက်ရပါသည်။

ကန်တော်ကြီးပတ်လမ်းတွင် အဝတ်ဗလာအမျိုးသားတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေမှု

ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းတွင် အဝတ်ဗလာနှင့် အမျိုးသားတစ်ဦး ဒဏ်ရာများဖြင် သေဆုံးနေမှုကို မဂင်္လာတောင်ညွှန့် ရဲက အမှုဖွင့်ပြီး စုံစမ်းလျက်ရှိသည်။ ဖြစ်စဉ်တွင် ကန်တော်ကြီးပတ်လမ်း ရှန်ဂရီလာ ဆောက်လုပ်ရေးဝန်းရှေ့တွင် အမျိုးသားတစ်ဦး ဒဏ်ရာများနှင့် သေဆုံးနေကြောင်း သတင်းအရ မြို့နယ် ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးခဲ့ကြသည်။ အသေးစိတ် စစ်ဆေးရာတွင် သေဆုံး သူသည် အမည်မသိ၊ နေရပ်လိပ်စာ မသိ (စုံစမ်းဆဲ) အသက် (၄၀)နှစ်ခန့် အမျိုးသားတစ်ဦးဖြစ်ပြီး အဝတ်ဗလာ ပက်လက်အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိရခြင်း ဖြစ်သည်။ သေဆုံးသူသည် ဦးခေါင်း ဝဲဘက်ခြမ်း ပွင့်ထွက်ဒဏ်ရာ၊ ယနားထင်ညိုမဲ၊ လည်ပင်းဝဲဘက်နှင့် ရင်ဘက်ပွင့်ထွက် ဒဏ်ရာ၊ ယာဒူးခေါင်း ပေါက်ပြဲ၊ ဝှေးစေ့ စုတ်ပြဲဒဏ်ရာတို့ဖြင့် သေဆုံးနေခြင်းလည်းဖြစ်သည်။ ထို့ကြောင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး မော်တော်ယာဉ်တစ်စီးစီးက တိုက်မိ၍ ဒဏ်ရာရရှိကာ သေဆုံးခြင်းဖြစ်သည်ဟု ယူဆသဖြင့် ယာဉ်ထိန်းတပ်ဖွဲ့စု ၂၈ မှ ရဲအုပ် မျိုးဆွေဦးက စုံစမ်းဖော်ထုတ်ပေးရန် တိုင်တန်းထားသည်။ ယင်းတိုင်တန်းမှုကို မင်္ဂလာတောင်ညွန့်မြို့နယ် ရဲတပ်ဖွဲ့စခန်းက ယာဉ်(ပ) ၄၂/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး ယာဉ်တိုက်မှု ဖြ...

စပ်ဆေးများသတိပြုစရာ

ကျွန်တော်တို့ နိုင်ငံမှာရှိကြသော ကျန်းမာရေးအသိပညာ သိပ်မရှိသေးသူများ စပ်ဆေးများ သတိထားသောက်ကြစေချင်ပါတယ်ခင်ဗျာ..။ဆေးဝါးများကို ဆေးအရောင်းဆိုင်များတွင် လွယ်ကူစွာ ၀ယ်ယူ၍ ရသည်မှာ ကောင်းမွန်သော်လည်း မကောင်းသောအချက်များလည်းကြုံတွေ့နေကြရပါသည်။  ဆေးဆိုင်များတွင် မိမိရောဂါဖြစ်သည်ကို ပြောပြီး ၀ယ်ယူသောက်သုံးသူများအနေဖြင့် မိမိကိုယ်တိုင် ၀ယ်ယူသောက်သုံးမှုများ မပြုကြပါရန် တိုက်တွန်းချင်ပါသည်။အဘယ်ကြောင့်ဆိုသော် ဆေးဆိုင်မှဆေး ရောင်းသူများသည် ဆေးဝါးများအား အတော်အတန် နားလည်မှုရှိကြသော်လည်း တစ်ချို့မှာ ဆေးဝါးများအကြောင်းနားမလည် မကျွမ်းကျင်ကြပါ။ ဆေးဆိုင်များတွင် စပ်ဆေး ဟုခေါ်သောအကိုက်အခဲပျောက်ဆေးများအားလုံးဝမသောက်ကြ ပါရန်တိုက်တွန်းအပ်ပါသည်။ စပ်ဆေးများတွင် Dexa (ဒက်ဆာ)+Diclofenace50mg(ဒိုင်ကလိုဖင်းန်)+ Paracetamol(ပါရာစီတမောလ်)+ Pheny(ဖီနိုင်း=အ၀ါလုံး) စသောဆေးများပေါင်းစပ်၍ ရောင်းချနေကြပါသည်။ ထိုဆေးများ အားလုံးသည် ပါရာစီတမောလ်မှ လွဲ၍ အစာအိမ်အား ထိခိုက်စေသောဆေးများဖြစ်ကြသည်။ အချို့ဆိုလျှင် အစာအိမ်သွေးကြောပေါက်ခြင်း၊ အစာအိမ်ပေါက်ခြင်းများအထိဖြစ်ကြရသည်။ ဆေးဆိုင်များအနေဖြင့်လည်း မရောင်းချကြပါရန် တိုက်တွန်း...

မြစ်ရေကြီးခြင်းကြောင့် လူနေအိမ်များနစ်မြုပ်

Image
21.9.13 ရွှေခဲရွာ၏ ရေလွှမ်းမိုးနေပုံ ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ ရွှေခဲရွာတွင် လူနေအိမ်များ နစ်မြုပ်လျှက်ရှိပြီး သွားလာမှုများ အခက်အခဲများကြုံတွေ့နေရပါသည်။

မြစ်ရေကြီးခြင်းကြောင့် လူနေအိမ်များနစ်မြုပ်

Image
သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ရွှေခဲရွာ၏ ရေလွှမ်းမိုးနေပုံ

ပြည်သူများအတွက် မရှိမဖြစ် လိုအပ်သည့် ကျန်းမာရေး အာမခံကို ၂၀၁၅ မတိုင်မီ ဆောင်ရွက်မည်

ပည်သူများအတွက် မရှိမဖြစ် လိုအပ်သည့် ကျန်းမာရေး အာမခံ ပေါ်ပေါက်ရန်အတွက် ယခုအခါ စတင်လုပ်ဆောင်နေပြီဖြစ်ပြီး ၂၀၁၅ မတိုင်မီ အပြီးဆောင်ရွက်သွားရန် ရည်မှန်းထားကြောင်း ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက ကျန်းမာရေး အာမခံနှင့် ပတ်သတ်သည့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။ ယင်းအာမခံ အမျိုးအစားသည် မြန်မာနိုင်ငံတွင် လုပ်ဆောင်ခြင်း မရှိသေးသည့် အာမခံ အမျိုးအစားဖြစ်ကာ လက်ရှိတွင် ကျန်းမာရေး အာမခံနှင့် ပတ်သက်သည့် မြွေအန္တရာယ် အာမခံ အမျိုးအစားသာ ရှိသေးကြောင်း ၎င်းကဆိုသည်။ "ကျန်းမာရေး အာမခံ အမျိုးအစားကို လုပ်တဲ့အခါမှာ အမျိုးအစား အချက်အလက်တွေကို  သုတေသန ပြုရမယ်။ အဲဒါကြောင့် အချက်အလက်တွေရဖို့ အခက်အခဲ အနည်းငယ် ရှိတယ်။ ပြီးတော့ မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ လူမှုစီးပွားရေး ယဉ်ကျေးမှုတွေကိုလည်း ထည့်သွင်းစဉ်းစားရမယ်။ ပြီးတော့ ဒီအာမခံက လူတိုင်းဝယ်နိုင်တဲ့ ပမာဏမျိုးဖြစ်အောင် စဉ်းစားရမယ်။ ဒီအာမခံ ပေါ်ပေါက်လာဖို့အတွက် စာတမ်းဖတ်ပွဲတွေ၊ ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့အတွက်လည်း စီစဉ်ဆောင်ရွက် နေပါတယ်" ဟု ၎င်းကဆက်လက် ပြောကြားသည်။ ကျန်းမာရေး အာမခံ အမျိုးအစားကို လုပ်တဲ့အခါမှာ အမျိုးအစား အချက်အလက်တွေ...

တိုင်းရင်းသား ၁၃၅ မျိုးတွင် တရုတ်နှင့် ဘင်္ဂါလီ မပါဝင်ကြောင်းနှင့် သန်းခေါင်စာရင်း ကောက်ယူရာ၌ ၎င်းတို့ကို အခြားတွင် ထည့်သွင်းကောက်ယူ သွားမည်

ပြည်လုံးကျွတ် သန်းခေါင်စာရင်းဆိုင်ရာ ရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ပြောကြားနေစဉ် တိုင်းရင်းသား ၁၃၅ မျိုးတွင် တရုတ်၊ ဘင်္ဂါလီနှင့် ပါကစ္စတန် မပါဝင်ကြောင်းနှင့် ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာ၌ ၎င်းတို့ကို အခြားတွင် ထည့်သွင်းကောက်ယူ သွားမည်ဖြစ်ကြောင်း    လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဆိုသည်။ စက်တင်ဘာ ၁၅ ရက်က ရန်ကုန်တိုင်းဒေသကြီး လွတ်တော်ရုံး၊ မင်္ဂလာခန်းမတွင် ပြုလုပ်သော ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းဆိုင်ရာ ရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်မှုကို ဖြေကြားရာတွင် ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။ ၀န်ကြီးက "တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ ဘင်္ဂါလီဆိုတာ မပါဘူး။ တရုတ်ဆိုတာ မပါဘူး။ ပါကစ္စတန်ဆိုတာ မပါဘူး။ မပါတဲ့ လူတွေအားလုံးကို အခြားဆိုတဲ့ နေရာမှာ ထည့်သွင်းကောက်ယူသွားမယ်။ ၁၃၅ မျိုးထဲမှာ မပါရင် တိုင်းရင်းသား မဟုတ်ဘူး" ဟု ပြောကြားသည်။ ဆက်လက်၍ ၀န်ကြီးက လက်ရှိတွင် နိုင်ငံသားကတ် ကိုင်ဆောင်ထားသော တရုတ်၊ ဘင်္ဂါလီများနှင့် ပက်သက်၍ "နိုင်ငံသားဆိုတာ နိုင်ငံသားဖြစ်နေတာကို အသိအမှတ်ပြုတာ။ နိုင်ငံသာ...

ဘောလုံးပွဲ သတင်းဆိုဒ်များ

ဘောလုံးပွဲ သတင်းဆိုဒ်များ   ESPN ဘောလုံးသတင်းစုံ My- Goal ဘောလုံးသတင်း Myanmarဘောလုံးသတင်း ကမ္ဘောဇ Football Club ချလ်ဆီး ပရိတ်သတ်အတွက် ရန်ကုန်ယူနိုက်တက် လီဗာပူး ပရိတ်သတ်အတွက် မြန်မာ့ဘောလုံးချစ်သူဆိုဒ် နိုင်ငံခြားပွဲစဉ်ရလဒ်များ

ကျန်းမာရေးကို ဒုက္ခအပေးဆုံးသတ္တ၀ါ

ခြင်အမျိုးကွဲပေါင်း 300 ကျော်ရှိပါသည်။ အဓိကအမျိုးကြီး (3) မျိုးရှိသည်။ 1- အနောဖလီခြင်    = ငှက်ဖျားရောဂါဖြန့်ဖြူးသောခြင်     Anophales               ရေသန့်/ စန်းရေတွင်ပေါက်ဖွားသည်။ 2- ကြူးလက်ခြင်      = ရေမြောင်းအညစ်အကြေးထဲမှာပေါက်ဖွားသော ခြင်ကောင်သေးသေး     Culex                      အမျိုးအစားဖြစ်၍ ဆင်ခြေထောက်ရောဂါဖြစ်စေသည်။ 3- အေးဒီးစ်ခြင်        = သောက်ရေ သုံးရေ ဘုရားစင်အိုးထဲတွင် ပေါက်သောခြင်၊     Aedes                     မြန်မာနိုင်ငံတွင် ကလေးများ သွေးလွန်တုတ်ကွေးရောဂါဖြစ်စေသည်။

မလေးရှားရောက် မြန်မာများအတွက် မြန်မာအစိုးရ တာဝန်ယူမည်

ယနေ့ မလေးရှားရောက် မြန်မာနိုင်ငံသားများအတွက် မလေးရှားတွင် ရောက်ရှိနေသည့် အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနဝန်ကြီး ဦးမောင်မြင့်က မလေးရှားနိုင်ငံတွင်လာရောက် လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ၏ လုံခြုံစိတ်ချမှုကိုတာဝန်ယူမည်ဖြစ်ကြောင်း ကွာလာလမ်ပူတွင် လူမှုအဖွဲအစည်းများ နှင့်တွေ့ဆုံပွဲတွင် ပြောကြားသွားခဲ့သည် ။ ယနေ့ ပြုလုပ်နေသာ ops 6p တွင် အဖမ်းခံရသော နိုင်ငံသားပေါင်းစုံ ယနေ့အထိ ၈၀၀၀ ကျော်ရှိနေပြီး ထိုထဲတွင် တရားမဝင်နေထိုင်သူ စုစုပေါင်း ၂၁၀၀ ကျော် ရှိကြောင်း မလေးအစိုးရမှ ထုတ်ပြန်ကြော်ငြာထားသည် ။ အဆိုပါ အဖမ်းဆီးခံနိုင်ငံသားများထဲတွင် မြန်မာနိုင်ငံသား ၅၀၀ ကျော်ပါဝင်ပြီး ဖြစ်ကြောင်းသိရသည် ။ ယနေ့အထိ OPS 6P စီမံချက်အား မလေးရှားအစိုးရမှ ဆက်တိုက် ဆောင်ရွက် ဖမ်းဆီးနေဆဲဖြစ်ပြီး မလေးရှားနိုင်ငံ နေရာတော်တော်များများတွင် ဖမ်းဆီးမှုများ နေ့ရက်မပြတ် ပြုလုပ်နေသည်ကို သိရသည် ။ အဆိုပါအဖမ်းခံမြန်မာနိုင်ငံသားများအား မြန်မာအစိုးရမှ မြန်မာနိုင်ငံသားဟုတ်မဟုတ် စီစစ်ပြီးသည်နှင့် မြန်မာနိုင်ငံသို့အရောက် ပြန်ပို့ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးမှပြောကြားသွားသည် ။ ထို့အပြင် မြန်မာနိုင်ငံသားများအပေ...

နေပြည်တော်တွင် Rocker အချိုရည်ရောင်းချခြင်း တားမြစ်

Rocker အားဖြည့်အချိုရည်ဘူးများအတွင်း အရောင်ပြောင်းလဲနေသည့် အရည်များနှင့် အဖတ်များ ပါဝင်နေသည်ကို တွေ့ရှိရသဖြင့် ဓာတ်ခွဲစမ်းသပ်မှုများ ပြုလုပ်နေပြီး ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းယူရန် ညွှန်ကြားထားကြောင်း နေပြည်တော် ကျန်းမာရေးဦးစီးဌာနမှ သတင်းရရှိသည်။ စက်တင်ဘာ ၃ ရက်က နေပြည်တော်ရှိ အမှတ် (၁၁) အခြေခံမူလတန်းကျောင်းတွင် ကျောင်းသားမိဘတစ်ဦး ၀ယ်လာသည့် အချိုရည်အား ဆရာမများက ကျောင်းသားကျောင်းသူများအားတိုက်ရာ ထို Rocker အချိုရည် နှစ်ဘူးတွင် မည်းညစ်ညစ်အရည်များ၊ အဖတ်များနှင့် အရောင်ပြောင်းလဲနေသည်ကို တွေ့ရှိရသဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားပြီး စတိုးဆိုင်များအား စစ်ဆေးကာ ရောင်းချမှုတားမြစ်ထားကြောင်း သိရသည်။ စတင်တွေ့ရှိခဲ့သည့် အချိုရည်များအား ဓာတုဗေဒစစ်ဆေးရေးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲခန်းဌာနများသို့ ပို့ဆောင် စစ်ဆေးထားပြီး ထိုအချိုရည်ဘူး များဝယ်ယူခဲ့သည့် စတိုးဆိုင်အပြင် နေပြည်တော် ပျဉ်းမနားရှိ စတိုးဆိုင်ခြောက်ဆိုင်မှ Rocker အချိုရည်များအား လိုက်လံသိမ်းဆည်းပြီးဖြစ်ကြောင်း ကျန်းမာရေးဦးစီးမှူး ဒေါက်တာထွန်းမြင့်က အတည်ပြုပြောကြားသည်။ ““သိရတာက အဲဒီအချိုရည်က မှတ်ပုံတင်ထားခြင်း မရှိသေးဘ...

စကားပြောပြီး ကွန်ပြူတာ ကို ခိုင်းကြည့် ရအောင်

Image
သူငယ်ချင်းတို့ စိတ်ဝင်စားကြမယ်လို့ ထင်ပါတယ် စကားပြောပြီး ကွန်ပြူတာ ကို ခိုင်းကြည့် ရအောင် ဆော့ဝဲလ်မလိုပါဘူး ၀င်ဒိုးမှာပါပြီးသားကို အသုံးချခြင်း ဖြစ်ပါသည်.. ကျနော်ဒါကို ကလိနေတာတော့ တော်တော်ကြာပြီး။အဆင်ပြေတယ်ဗျ။ကွန်ပြူတာ ကို စကားပြောပြီး -သီချင်းဖွင့်ခိုင်းလို့ရတယ် -စာတွေရေးခိုင်းလို့ ရတယ် -ဂိမ်းကစားခိုင်းလို့ရတယ် -အဖွင့် အပိတ် လုပ်ခိုင်းလို့ ၇တယ် -အင်တာနက်သုံးလို့ရတယ် -ချက်တင် ပြောလို့ရတယ် ကျန်တာတွေ အများကြီး ကို လည်သလို ခိုင်းလို့ ရပါတယ်။ တစ်ခုတော့ ရှိတယ်ဗျ။သူ့ကို ခိုင်းမယ်ဆိုရင် အင်္ဂလိပ်လိုပဲ ခိုင်းလို့ရတယ်။။ကိုယ်ပြောတဲ့စကားကို အင်္ဂလိပ်လိုပီအောင်ပြောရတယ်ဗျ။ မခက်ပါဘူး ကျနော်ဆို အစတုန်းကတော့ ပြောလို့မရဘူးဗျ ကြာလာတော့လဲ သူ့ဘာသာ သူ အဆင်ပြေလာပါတယ် ကျနော် အကြိုက်ဆုံး အချက် က ဒါလေးကို စကားနဲ့ ခိုင်းနေရလို့ ကိုယ့်ရဲ့ အင်္ဂလိပ်စကားပြောလဲတိုးတက်လာနိုင်ပါတယ် ကျနော် ကလိနေတဲ့ အတွေ့အကြုံ လေးကို မသိသေးသူများ လည်း ကလိချင်ရင် ကလိလို့ ၇အောင်ပြန်လည်ဝေမျှ ပေးခြင်း သာဖြစ်ပါသည်။ကျနော့် လို လူပိန်းများ နားလည်အောင်လဲဓါတ်ပုံစခရင် ဖမ်းပြီး ကြိုးစားေ၇းသားထားပါတယ်။ ကဲ စလိုက်ရအောင် လိုအပ်ချက်များ -windows 7 x3...

ဥက္ကံအကြမ်းဖက်မှုတွင် ပါဝင်ခဲ့သူသုံးဦးကို ပြစ်ဒဏ်အသီးသီးချ

ဧပြီလကဖြစ်ပွားခဲ့သည့် ဥက္ကံမြို့ဆူပူအကြမ်းဖက်မှု တရားခံအမျိုးသားသုံးဦးကို ပြစ်ဒဏ်အသီးသီး ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။ သြဂုတ် ၂၃ ရက်တွင် တရားခံများဖြစ်ကြသည့် စိန်ဟန်၊ ၀င်းသန်းနှင့် ကြည်ခိုင်စိုးတို့သုံးဦးကို တိုက်ကြီးမြို့နယ်တရားရုံးမှ အပြီးသတ်စီရင်ချင်ချကာ အလုပ်နှင့်ထောင်ဒဏ်ငါးနှစ်နှင့် ခုနစ်နှစ်စီ အသီးသီးချမှတ်လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှုခင်းမှတ်တမ်းများတွင် ဖော်ပြထားသည်။ အဆိုပါအမျိုးသားသုံးဦးတို့သည် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့တွင် ဧပြီ ၃၀ ရက် နံနက် ၉ နာရီ၌ ဗုဒ္ဓဘာသာကိုရင်တစ်ပါးနှင့် အစ္စလာမ်ဘာသာဝင် အမျိုးသမီးတစ်ဦးတို့ မတော်တဆထိခိုက်မိရာမှ စတင်ခဲ့သည့် ဆူပူအကြမ်းဖက်မှုများတွင် ပါဝင်ခဲ့ကြသောကြောင့် ဥက္ကံမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူခံခဲ့ရသည်။ ထို့ကြောင့် တရားခံစိန်ဟန်ကို ပြစ်မှုဆိုင်ရာပုဒ်မ ၄၄၀/၃၄ ကို ကျူးလွန်ကြောင်း ပေါ်ပေါက်သဖြင့် အလုပ်နှင့်ထောင်ဒဏ်ငါးနှစ် ပြစ်ဒဏ်စီရင်လိုက်ခြင်းဖြစ်သည်။ အလားတူ တရားခံဝင်းသန်းကို ပြစ်မှုဆိုင်ရာပုဒ်မ ၄၃၆/၃၄ စွဲချက်ဖြင့် အလုပ်နှင့်ထောင်ဒဏ်ခုနစ်နှစ် ချမှတ...

မန္တလေးတိုင်းဒေသကြီးတွင် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ၂၁၂ ဦးအား တာဝန်မှ ထုတ်ပယ်

မန္တလေးတိုင်းဒေသကြီးတွင် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ၂၁၂ ဦးအား တာဝန်မှ ထုတ်ပယ် မောင်တာ မန္တလေး၊စက်တင်ဘာ-၃၀ အတွဲ (၁၁)၊ အမှတ်(၃၀) မန္တလေးတိုင်းဒေသကြီးတွင် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ၂၁၂ ဦးအား တာဝန်မှ ထုတ်ပယ်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ၀န်ကြီးဗိုလ်မှူးကြီးအောင်ကျော်မိုးက ပြောသည်။ ထို့အပြင် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းကို မန္တလေးတိုင်းဒေသကြီးအတွင်း ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးဥပဒေနှင့်အညီ အမြန်ဆုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးရဲမြင့်က စက်တင်ဘာ ၂၈ ရက် လွှတ်တော်အစည်းအဝေးများ အပြီးတွင် လွှတ်တော်ကိုယ်စားလှယ်များကို အသိပေးပြောကြားသည်။ ၀န်ကြီးချုပ်ဦးရဲမြင့်က “ကျွန်တော်တို့ ရွေးချယ်ဆောင်ရွက်မယ့် အစီအစဉ်တွေကို ကြိုတင်ပြင်ဆင်မှုတွေ အားလုံးလုပ်ထားပြီး ဖြစ်ပါတယ်။ သက်ဆိုင်ရာ မြို့နယ်အလိုက် တာဝန်ရှိပ...

ကန့်ဘလူ အကြမ်းဖက်မှု စ စေတဲ့ အဓမ္မကြံစည်သူကို ထောင်ဒဏ် ၇ နှစ်ချမှတ်

စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ်၊ ထန်းကုန်းကျေးရွာမှာ သြဂုတ်လ နှောင်းပိုင်းက အိုးအိမ်တွေ၊ စီးပွားရေးလုပ်ငန်းတွေ ဖျက်ဆီးခံခဲ့ရတဲ့ ဘာသာရေး ပဋိပက္ခတွေ အစပြုခဲ့တဲ့ အမျိုးသမီးတဦးကို အဓမ္မပြုကျင့်ရန် ကြံစည်မှုနဲ့ ဖမ်းဆီးခံထားရသူ ကိုဆန်းမင်းဦးကို ကန့်ဘလူတရားရုံးက ထောင်ဒဏ် ၇ နှစ် စီရင်ချက် ချမှတ်လိုက်ကြောင်းသိရှိရပါသည်။ယခုအချိန်တွင်ထန်းကုန်းရွာအခြေအနေမှာ တည်ငြိမ်မှုရှိနေပြီး တည်တည်ဒါပေမဲ့ ပုံမှန်အနေအထား၊ သွားတာလာတာတွေကတော့ ပုံမှန်အနေအထားတော့ပြန်ဖြစ်နေပြီ ဒါပေမဲ့ယခင်ကလိုတော့ ညရေးညတာ သွားရေးလာရေး၊ ကတော့ မရှိသလောက်ဖြစ်သွားပြီပေါ့ဗျာ။

ကျွန်းစုမြို့နယ်အတွင်း ဘင်္ဂါလီများ သယ်ဆောင်မည့် ကုန်လှေတစ်စင်းအား AK-47 သေနတ်၊ ကျည်ဆန်များနှင့်အတူ ဖမ်းဆီးရမိ

Image
ကျွန်းစုမြို့နယ်အတွင်း ဘင်္ဂါလီများ သယ်ဆောင်မည့် ကုန်လှေတစ်စင်းအား AK-47 သေနတ်၊ ကျည်ဆန်များနှင့်အတူ ဖမ်းဆီးရမိ Tuesday, 03 September 2013 18:29 ပထော်ကျွန်းအနီး ဆိုက်ကပ်ထားသော ဖမ်းဆီးရမိသည့် ငါးဖမ်းလှေနှင့် ရေတပ်စစ်သင်္ဘော ၄၀၃ အား တွေ့ရစဉ် စက်တင်ဘာလ ၁ ရက်ညတွင် ကျွန်းစုမြို့နယ်အပိုင် ပထော်နှင့် မြိတ်မြို့ရေပြင်ကြားရှိ ငါးဖမ်းလှေ တစ်စင်းအား ရေတပ်စစ်သင်္ဘော ၄၀၃ မှ ဗိုလ်မှူးမျိုးထက်ဝင်း ဦးစီးပြီး စစ်ဆေးရာ လှေပေါ်တွင် ပါလာသော လှေသား ၁၅ ဦးနှင့်အတူ AK-47 သေနတ်တစ်လက်၊ ကျည်ကတ်နှစ်ကတ်၊ ကျည်ဆံ ၂၁ တောင့်ဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ "ပထော်ကျွန်း အလွန်နားမှာ မိတာပါ။ ဒီလှေပေါ်မှာ မြန်မာလုပ်သား ၁၂ ဦးပါပြီး စက်ခန်းထဲမှာ ဘင်္ဂါလီသုံးဦး လိုက်ပါလာပါတယ်။ လှေပေါ်မှာ လက်နက်တွေလည်း ပါလာပြီး ကနဦး စစ်ဆေးချက်အရ အဲဒီလှေဟာ ဘင်္ဂါလားဒေ့ရှ်ကို သွားမယ်လို့ ပြောတယ်။ အဲဒီကလူတွေသယ်ပြီး ထိုင်းဘက်ကို သွားမယ်လို့ တွက်ဆိုတယ်" ဟု တာဝန်ရှိသူ တစ်ဦးမှ ပြောကြားခဲ့သည်။ ယခု ဖမ်းဆီးရမိခဲ့သော ကုန်လှေမှာ ကောင်းမြတ်ဟင်္သာအမည်ရှိ လှေဖြစ်ပြီး ရေယာဉ်လိုင်စင်မှာ ဧပြီလတွင် ကုန်ဆုံးနေပြီး စက်နှင့်စက်လိုင်စင်ပါ အချက်အလ...

Facebook Fan Page ကိုမလိုခြင်ပြန်ဖျက်နည်း

Image
ဘလော့ကာမိတ်ဆွေများအတွက်  မိမိတို့ လုပ်မိထားသော ဘလော့ကာရဲ့ facebook fan page အပိုတွေကို ဖျက်လိုပါက  ဖျက်နိုင်ရန်  နည်းလမ်းလေးကို တင်ပြလိုက်ရပါတယ်နော်... အလွယ်လေးပါ အမြန်ဖျက်ချင်ရင် ဒီကို နှိပ်လိုက် - https://www.facebook.com/pages/Delete  အောက်မှာ ပုံလေးနဲ့တစ်ကွ ရှင်းပြပေးထားပါတယ်.....  မိမိတို့ facebook ကနေ ဖျက်လိုသော  ပေ့ကိုကလစ်ပေးလိုက်ပါ..အပေါ်ပုံကပြထားသလိုပေါ့..နော်  အပေါ်ပုံတိုင်းကျလာမယ်..အဲခါမှာ Edit Page ကနေကလစ်ပြီး Manage Permissions ဆိုတာကိုကလစ်ပါ. အပေါ်ပုံတိုင်းထပ်ကျလာတာနဲ့ အောက်နားမှာ Delete For .....မိမိဘလော့ပေ့အမည်... ဆိုပြီးရှိပါတယ် အဲတာကိုကလစ်ပြီး ဖျက်ပေးလိုက်တာနဲ့  ok  ပေါ့နော်.... အဆင်ပြေကြပါစေ.... (မောင်စွယ်စုံကျမ်းမှ ကူးယူဖော်ပြပါသည်)

မလေးရှား လူဝင်မှု စိစစ်ရေးကြောင့် မြန်မာလုပ်သားတွေ ဒုက္ခရောက်

02.09.2013 မလေးရှားနိုင်ငံတွင်းမှာ တရားမ၀င်နေထိုင်မှု စိစစ်ဖို့နဲ့ မှုခင်းတွေ လျှော့ချဖို့ စီမံချက်နဲ့ မလေးရှားအစိုးရကနေ နိုင်ငံတွင်းမှာရှိတဲ့ တရားမ၀င် အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြား အလုပ်သမားတွေကို တပြည်လုံး အတိုင်းအတာနဲ့ ဖမ်းဆီးနေတယ်လို့ မလေးရှားရောက် အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။ အခု ဖမ်းဆီးမှုမှာတော့ တရားဝင် ၀င်ရောက် နေထိုင်သူတွေကိုလည်း သိမ်းကျုံးဖမ်းဆီးနေသလို ဒီဖမ်းဆီးမှု စီမံချက်ကြောင့် တရားမ၀င် မြန်မာအလုပ်သမားတွေ အတွက်ကတော့ စိုးရိမ်နေရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။ ဒီအခြေအနေတွေကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ခဲ့ပါတယ်။ မလေးရှားနိုင်ငံမှာ တရားမ၀င် နေထိုင်တဲ့သူတွေကို မလေးရှား ရဲတပ်ဖွဲ့တွေ ကနေ စက်တင်ဘာလဆန်းမှာ ဖမ်းဆီးမှုတွေ ပြင်းထန်စွာ ပြုလုပ်နေပါတယ်။ မလေးရှားအစိုးရအနေနဲ့ စီမံချက်ကာလအတွင်း တနိုင်ငံလုံးအတိုင်းအတာနဲ့ တရားမ၀င် နေထိုင်သူတွေကို ဖမ်းဆီးနေတယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုအောင်ကြီးက ပြောပါတယ်။ “အခုက စက်ရုံတွေကို လိုက်ဖမ်းနေပါတယ်။ ...

Facebook မှာ ကိုယ့် Profile Page ကိုဘယ်သူကြည့်သလဲ

Image
Facebook မှာ ကိုယ့် Profile Page ကိုဘယ်သူကြည့်သလဲ  ဖေ့ဘွတ် သုံးတဲ့သူများ ဒီနည်းလေးကို စမ်းကြည့်ပါ လုပ်နည်းက ပုံထဲက အတိုင်း အဆင့်ဆင့်သွားရင် လွယ်ပါတယ် မှန်လား မမှန်လားဆိုတာကို စစ်ကြည့်နိုင်ပါတယ်.. ကဲ .ကိုယ့် Page ဘယ်သူ လာလာခိုး ကြည့်လဲ စမ်းကြည့်ပေတော့ဟယ်....။ မူရင်းလင့် - http://www.facebook.com/photo.php

~ကမ္မဋ္ဌာန်းလေးမျိုးနှင့် မျက်နှာသစ်နည်း~

နံနက် အိပ်ရာထ၍ မျက်နှာသစ်တော့မည်ဆိုပါစို့...။ မျက်နှာမသစ်မီ ရေတစ်ခွက်ခပ်ယူ ပြီးသည်နှင့်- (၁) ဤမျက်နှာသစ်သောရေကို ကိလေသာအပူကင်းတော်မူသော မြတ်စွာဘုရားအား ကပ်လှူပါ၏ ဘုရား..။(ဒါန၊ ဗုဒ္ဓါနုဿတိ) (၂) ဤရေကဲ့သို့ သတ္တ၀ါများ ကြည်လင်အေးမြကြပါစေ...။ (မေတ္တာ) (၃) မျက်ဝတ်ထွက်ခြင်း၊ ခံတွင်းမှ အပုပ်ရေစီးကျခြင်း စသည်ကြောင့် အမြဲတမ်း ဆေးကြောသုတ်သင်နေရသော ဤခန္ဓာကိုယ်ကြီးသည် စက်ဆုပ်ရွံရှာဖွယ် အတိပါတကား...။ (အသုဘဘာဝနာ) (၄) အင်း....တစ်ရက်တစ်ညတော့ ငါ၏အသက်မြဲခဲ့ရပြီ၊ ထွက်လေ မ၀င်ခင်၊ ၀င်လေ မထွက်ခင် နံနက်နေ့ညမရွေး သေနိုင်ပေသည်တကား...။ (မရဏာနုဿတိဘာဝနာ) ဤသို့ ကျင့်ဝတ်လုပ်ထားပါမူကား မြတ်စွာဘုရားရှင်၏ တရားတော်သည် အလွန်လွယ်ကူလှပါပေ၏။ လက်တွေ့စမ်းကြည့်ပါက ပြောပြ၍မရနိုင်အောင်သော လောကီ လောကုတ္တရာ အကျိုးစီးပွားတို့ကား များပြားလှတော့သည်။ (ဓမ္မာစရိယဦးဌေးလှိုင်၏ ရတနာသုံးပါးကျေးဇူးစာအုပ်မှ တင်ပြသည်)

မိမိဆိုက်ကို Antivirous ရှိမရှိ စစ်ဆေးချင်ရင်

ဒီနေရာလေးမှာ သွားစစ်ပါ Scanner