စပ်ဆေးများသတိပြုစရာ

ကျွန်တော်တို့ နိုင်ငံမှာရှိကြသော ကျန်းမာရေးအသိပညာ သိပ်မရှိသေးသူများစပ်ဆေးများ သတိထားသောက်ကြစေချင်ပါတယ်ခင်ဗျာ..။ဆေးဝါးများကို ဆေးအရောင်းဆိုင်များတွင် လွယ်ကူစွာ
ဝယ်ယူ၍ ရသည်မှာ ကောင်းမွန်သော်လည်း မကောင်းသောအချက်များလည်းကြုံတွေ့နေကြရပါသည်။
 ဆေးဆိုင်များတွင် မိမိရောဂါဖြစ်သည်ကို ပြောပြီး ၀ယ်ယူသောက်သုံးသူများအနေဖြင့် မိမိကိုယ်တိုင် ၀ယ်ယူသောက်သုံးမှုများ မပြုကြပါရန် တိုက်တွန်းချင်ပါသည်။အဘယ်ကြောင့်ဆိုသော် ဆေးဆိုင်မှဆေး ရောင်းသူများသည် ဆေးဝါးများအား အတော်အတန် နားလည်မှုရှိကြသော်လည်း တစ်ချို့မှာ ဆေးဝါးများအကြောင်းနားမလည် မကျွမ်းကျင်ကြပါ။
ဆေးဆိုင်များတွင် စပ်ဆေး ဟုခေါ်သောအကိုက်အခဲပျောက်ဆေးများအားလုံးဝမသောက်ကြ
ပါရန်တိုက်တွန်းအပ်ပါသည်။ စပ်ဆေးများတွင် Dexa (ဒက်ဆာ)+Diclofenace50mg(ဒိုင်ကလိုဖင်းန်)+
Paracetamol(ပါရာစီတမောလ်)+Pheny(ဖီနိုင်း=အ၀ါလုံး)စသောဆေးများပေါင်းစပ်၍ ရောင်းချနေကြပါသည်။
ထိုဆေးများ အားလုံးသည် ပါရာစီတမောလ်မှ လွဲ၍ အစာအိမ်အား ထိခိုက်စေသောဆေးများဖြစ်ကြသည်။
အချို့ဆိုလျှင် အစာအိမ်သွေးကြောပေါက်ခြင်း၊ အစာအိမ်ပေါက်ခြင်းများအထိဖြစ်ကြရသည်။
ဆေးဆိုင်များအနေဖြင့်လည်း မရောင်းချကြပါရန် တိုက်တွန်းချင်ပါသည်။ပြည်သူများအနေဖြင့်လည်း ကိုယ် လက် ကိုက်ခဲလျှင် ဒီကိုဂျင်၊ ပါရာစီတမော့လ်များကိုသာ သောက်သုံကြပြီး မသက်သာလျှင် နီးစပ်ရာဆရာဝန်နှင့် ပြသကြပါရန် တိုက်တွန်းလိုက်ရပါသည် ခင်ဗျာ....။
Kaungthura

Popular posts from this blog

အသုံးဝင် Website address Links များ

Facebook မှာ ကိုယ့် Profile Page ကိုဘယ်သူကြည့်သလဲ

PDF Converter လေးသုံးကြမယ် PDF Converter Pro