Posts

Showing posts from August, 2013

မြန်မာမိန်းကလေးတစ်ဦးအား မလေးရှားနိုင်ငံသားများ ၀ိုင်းဝန်းအဓ္ဓမပြုကျင့်

မလေးရှား နိုင်ငံ ဂျိုဟိုးပြည်နယ် ကိုတာတင်ဂီ တမန်ကိုတာရှိ panasonic ဖုန်းများ ထုတ်လုပ်သော Flairis Sdn Bhd စက်ရုံတွင် အလုပ်လုပ်နေသော မြန်မာ မိန်းကလေး တစ်ဦးအား သြဂုတ်လ ၁၆ရက် ည ၁၀နာရီခန့် တွင်  လူတစ်စုမှ နေအိမ်ထဲသို့ ဝင်ရောက်ကာ ဓားဖြင့်ထောက် ခေါ်ဆောင်သွားပြီး သားမယား ပြုကျင့်ခဲ့ကြောင်း သိရပါတယ်။ ဖြစ်ပွားပုံမှာ လူတစ်စုက မြန်မာအမျိုးသမီး (၈)ဦး နေထိုင်သည့် အဆောင်ကို အနုကြမ်းဝင်စီးကာ အသက် ၂၀ ဝန်းကျင် မသူဇာအေး အား ကားဖြင့် ဖမ်းဆီး ခေါ်ဆောင်သွားပြီး အုပ်စုဖြင့် ဝိုင်းဝန်း အဓမ္မပြု ကျင့်ခဲ့ကြတယ်၊ မနက် ၁ နာရီကျော်ခန့် တွင် ၄င်းအဆောင်အနီး လမ်းမပေါ်တွင် ကားပေါ်မှ ပစ်ချသွားပါတယ်။ အဆိုပါ မိန်းကလေး အဆောင်နောက်ဘေး အဆောင် တံခါးပေါက် အား ဖြတ်ဆီးပြီး လူတစ်စု အဆောင်တွင်းသို့ ဝင်ရောက်လာ သောအခါ အဆောင်တွင်းနေ မြန်မာ မိန်းကလေးများ ကြောက်ရွံ့အော်ဟစ်ခါ  အဆောင်ရှေ့ပေါက်မှ ထွက်ပြေးကြပေမယ့်  မသူဇာအေး ကတော့ ဆေးစစ်ပြီး ပြန်လာချိန် ဖြစ်လို့  ပင်ပန်း၍ မနိုးပဲ အိပ်ရာထက် ကျန်ခဲ့တာကြောင့်  ဓားဖြစ်ထောက် ခေါ်ဆောင်သွားခြင်း ခံရတာဖြစ်ပါတယ်။ အခုအခါ မသူဇာအေးမှာ လိုအပ်သော ဆေးကုသမှု ခံယူနေပြီ ဖြစ်ကြောင...

စစ်တွေမှာ လုံထိန်းအင်အားကိုပုံမှန်ထက်များစွာချထား

Image
စစ်တွေမှာ လုံထိန်းအင်အားကို ပုံမှန်ထက် များစွာ ချထားတာကြောင့် ဒေသခံအချို့ ကြောက်လန့် ထွက်ပြေး ရန်ကုန်၊ သြဂုတ် ၂၅ / စစ်တွေမှာ လူဦးရေစာရင်း ကောက်ခံတဲ့အခါမှာ စစ်တွေမှာ လူဦးရေစာရင်း ကောက်ခံတဲ့အခါမှာ လုံထိန်းအင်အားကို ပုံမှန်ထက် များစွာ ချထားတာကြောင့် ဒေသခံအချို့ ကြောက်လန့် ထွက်ပြေးပြီး စာရင်းမဝင်တာတွေ ဖြစ်နေတယ်လို့ စစ်တွေဒေသခံ တစ်ချို့က ဆိုပါတယ်။ “လုံထိန်းအင်အားကို အများကြီး ချထားတော့ ဥယျာဉ်သာအုပ်စုက တစ်ချို့ ကလေးတွေ၊ မိန်းမတွေက ထွက်ပြေးတာပေါ့၊ ယောင်္ကျာသားလဲ မရှိတော့ ကြောက်ကျတယ်၊ ပြီးတော့ လုံထိန်းတွေက ဝတ်စုံအပြည့်အစုံနဲ့၊ ဒေသခံအချို့က ဗမာစကားလဲ မတက်ဘူး၊ ရခိုင်စကားလဲ မပြောတက်တော့ ကြောက်ပြီး ထွက်ပြေးကြတာ” လို့ စစ်တွေဒေသခံ တစ်ဦးက မြန်မာမွတ်စ်လင် မီဒီင်္ယာကို ပြောကြားခဲ့ပါတယ်။ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာ လူဦးရေ သန်းခေါင်းစာရင် ကောက်ယူမှုကို သြဂုတ်လ (၂၃) ရက်နေ့က စတင် လုပ်ဆောင်ခဲ့ပါတယ်။ အဆိုပါ လူဦးရေ စာရင်းကောက်ယူမှုတွင် လုံခြုံရေး အင်အားကို ပုံမှန်ထက်များပြားစွာ ချထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ မှန်စီကွက်စုံနဲ့ သက္ကေပြင်ကန့်မှာ လုံထိန်းအင်အား ၄၀၀ မှ ၅၀၀ ဝန်းကျင်ခန့်ရှိပြီး ဥယျာဉ်သာအ...

ကန့်ဘလူမြို့နယ်၌ အမျိုးသမီး တစ်ဦးအား ကာအိနြေ္ဒပျက်ပြားအောင်အနိုင်ကျင့်စော်ကားရန် ကြိုးစားရာမှ အစပြုပြီးအကြမ်းဖက်

နေပြည်တော်၊ ဩဂုတ်၊ ၂၅ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ယမန်နေ့က အမျိုးသမီး တစ်ဦးအား အမျိုးသား တစ်ဦးက   ကာအိနြေ္ဒပျက်ပြားအောင် ပြုလုပ်၍  အစပြုပြီး အနိုင်ကျင့်စော်ကားရန် ကြိုးစားရာမှ အစပြုပြီး မ​ကျေနပ်သူလူအုပ်စုက ဈေးဆိုင်၊ နေအိမ်နှင့် ကြက်ခြံတို့အား မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း၊ တာဝန်ရှိသူများက အကြမ်းဖက် မှုများ ထပ်မံမဖြစ်ပွားစေရန်အတွက် ထိန်းသိမ်း ဆောင်ရွက်လျက် ရှိပြီး အကြမ်းဖက်ဖျက်ဆီးမှုများတွင် ပါဝင်သူများအား အမှုဖွင့်အရေးယူရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ ယမန်နေ့ ညနေ ၆ နာရီခွဲခန့်တွင် ကန့်ဘလူမြို့နယ် ထန်းကုန်ကျေးရွာအုပ်စု ဇီးပင်သာ ကျေးရွာနေ အမျိုးသမီး တစ်ဦးသည် ထန်းကုန်းကျေးရွာရှိ ဆံပင်ရောင်း/ဝယ်ဆိုင်မှ ပြန်လာစဉ် ထန်းကုန်း ကျေးရွာနှင့် ဇီးပင်သာ ကျေးရွာကြားအရောက် ထန်းတောကျေးရွာနေ ဆန်းမင်းဦး(ဘ) ဦးဆန်းဝင်းက လက်ဆွဲပြီး ဖက်လုံးကာ အနိုင်ကျင့်စော်ကားရန် ကြိုးစားခဲ့ကြောင်း၊ ထိုအချိန်တွင် ဇီးပင်သာကျေးရွာဖက်မှ အမျိုးသားတစ်ဦး ရောက်ရှိ လာသဖြင့် ဆန်းမင်းဦးသည် ထန်းကုန်း ကျေးရွာဘက်သို့ ထွက်ပြေးသွားခဲ့သော်လည်း ဝိုင်းဝန်းဖမ်းဆီးသဖြင့် ဖမ်းဆီးရမိခဲ့ကြောင...

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝါတိုင် ၄၀၀ ထပ်တိုးမည်

Image
မိုဘိုင်းလ်ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပိုမိုချဲ့ထွင်  Tue Aug 27, 1:59 pm ရန်ကုန်၊ သြဂုတ် ၂၆ မိုဘိုင်းလ်ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပိုမိုချဲ့ထွင် လုပ်ကိုင်နိုင်ရန်နှင့် ပိုမိုကောင်းမွန်ရန် မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဆက်သွယ်ရေး တာဝါတိုင် ၄၀၀ ခန့် ထပ်မံတိုးချဲ့သွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရသည်။ “တည်ဆောက်ဖို့ တင်ဒါခေါ်ထားပါတယ်။ ရန်ကုန်တို့၊ မန္တလေးတို့ကတော့ နယ်မြေအနေအထား လိုအပ်ချက်အရ တာဝါတိုင် များရင်များမှာပေါ့” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အင်ဂျင်နီယာချုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ရေဒီယိုဆက်သွယ်ရေးစခန်းများ တည်ဆောက်ရန်အတွက် မြေအနေအထား တိုင်းထွာခြင်း၊ အဆောက်အအုံများ တည်ဆောက်ခြင်း၊ ဆက်သွယ်ရေးတာဝါတိုင် တည်ဆောက်ခြင်း၊ ဓာတ်အားပေးစနစ် တည်ဆောက်ခြင်းနှင့် မိုးကြိုးလွှဲစနစ် တပ်ဆင်ခြင်းလုပ်ငန်းများ လုပ်ကိုင်ရန် ပြည်တွင်းပြည်ပ ကုမ္ပဏီများကို တင်ဒါခေါ်ယူထားသည်။ “တာဝါတိုင်တွေ တိုးချဲ့တပ်ဆင်ဖို့လုပ်တာ ကောင်းတဲ့ကိစ္စပဲ။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းကလည်း ပြည်ပကုမ္ပဏီတွေနဲ့ ပြိုင်ရတော့မှာဆိုတော့ ကြိုတင် ပြင်ဆင်မှုတွေ လုပ်ရတော့မှ...

အသုံးဝင် Website address Links များ

အသုံးဝင် Website address Links များ နိုင်ငံတော်သမ္မတရုံး ပြည်သူ့လွှတ်တော်  အခြေခံဥပဒေဆိုင်ရာခုံရုံး   ပြန်ကြားရေးဝန်ကြီးဌာန အမှတ်(၁)စက်မှုဝန်ကြီးဌာန အမှတ်(၂)စက်မှုဝန်ကြီးဌာန သာသနာရေးဝန်ကြီးဌာန နိုင်ငံခြားရေးဝန်ကြီးဌာန အားကစားဝန်ကြီးဌာန ဆောက်လုပ်ရေးဝန်ကြီးဌာန စွမ်းအင်ဝန်ကြီးဌာန သစ်တောရေးရာဝန်ကြီးဌာန အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့ မြန်မာ့ရုပ်ရှင် MRTV-4 yatanarpon.com yatanarpon.net မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဝက်ဆိုက် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန  ဦးထွန်းလွင် မိုးလေဝသ ငလျင်တိုင်းတာရေး(USGS) ငလျင်တိုင်းတာရေးသတင်း(Thai) tintlwinswe.blogspot.com(ငလျင် အကြောင်း) ပို့ ဆောင်ရေးဝန်ကြီးဌာန www.mot.gov.mm www.mpa.gov.mm www.iwt.gov.mm www.dmh.gov.mm ဝီကီပီးဒီယား မက်တာဝီကီ မြန်မာအွန်လိုင်း စွယ်စုံကျမ်း ဝီကီမက်ပါ wikimapia.org မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း   သုတေသန သရုပ်ပြအဘိဓာန် အင်္ဂလိပ်=မြန်မာအဘိဓာန် ချင်းတွင်း ကွန်ဗာတာ နှစ်တစ်ရာ ပြက္ခဒိန် မြန်မာရက်စဉ်သမိုင်း Myanmar Information Management Unit(MIMU)   မြန်မာမိုဘိုင်းအက် မြန်မာမိုဘိုင်းUsersClu...

ကန့်ဘလူ အကြမ်းဖက်မှုသတင်းများ

သတင်း – ကိုစိန် ကန့်ဘလူ ၊သြဂုတ် – ၂၄၊ ၂၀၁၃။ ည ၁၀ နာရီ စစ်ကိုင်းတိုင်း ကန့်ဘလူ ထန်းကုန်းရွာအား အင်အား ၂၀၀ ကျော်ခန့်ရှိသော ဗုဒ္ဓဘာသာဝင် အကြမ်းဖက်သမားများမှ ည ၉း၃၀ ခန့်မှ မွတ်စ်လင်မ်ပိုင် အဆောက်အုံများ ဈေးဆိုင်များကို ဖျက်ဆီးရန် စုဝေးခဲ့ကြကြောင်း ကန့်ဘလူဒေသခံများက သတင်းပေးပို့ထားပါသည်။ ယခု သတင်းပေးပို့ချိန်တွင် မွတ်စ်လင်မ် ဆိုင် ၇ ဆိုင်အား ဖျက်ဆီးခံခဲ့ကြောင်း သတင်းရရှိပါသည်။ ရဲများ ရောက်ရှိလာပြီး အကြမ်းဖက်သမားများနှင့် အခြေအနေ တင်းမာလျက် ရှိနေဆဲဖြစ်ကြောင်း သိရှိရပါသည်။ သဂုတ် – ၂၄၊ ၂၀၁၃။ ည ၁၁ နာရီ ထန်းကုန်းရွာတွင် အဆိုပါ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဖျက်ဆီးခံရသော ဆိုင်များအနက် ဘူတာအနီးရှိ ဆိုင် ၃ ဆိုင် ပါဝင်ခဲ့ကြောင်း အကြမ်းဖက်သူများမှာ မူလ ၂၀၀ မှ ၅၀၀ ခန့် အထိ များပြားလာခဲ့ကြောင်း မြန်မာမွတ်စ်လင်မ် မီဒီယာသို့ သတင်းများ ဆက်လက်ပေးပို့ထားပါသည်။ သြဂုတ် – ၂၄၊ ၂၀၁၃။ ည ၁၂ နာရီ ဆိုင်ခန်းများအား မီးရှိ့ခဲ့ခြင်းဖြစ်ကြောင်း မီးသတ်ကားများ ရောက်ရှိလာသော်လည်း လူအုပ်ကြီးမှ ပေးမဝင်ခဲ့ကြောင်း၊ စတင်စုဝေးပြီး လာရောက်အကြမ်းဖက်သူများမှာ ထန်းကုန်းမြို့ခံများ မဟုတ်ပဲ ထန်းကုန်းမြို့ နှင်...

အာဏာပိုင် တွေက လုံခြုံရေး တင်းကျပ် မှုတွေ လုပ်နေ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူ မြို့နယ် ထန်းကုန်း ရွာမှာ လူမျိုးရေး ဘာသာရေးနဲ့ ဆက်နွယ်တဲ့ ပဋိပက္ခတွေ ဖြစ်ပြီးတဲ့ နောက်ပိုင်း အခြေအနေ တွေ တည်ငြိမ် နေပေမယ့် တခြား ဒေသတွေမှာ နောက်ထပ် ပဋိပက္ခ ဖြစ်လာနိုင်တဲ့ အခြေအနေ တခိျု့ ထပ်ပြီး ပေါ်ပေါက် ခဲ့တာမို့ အာဏာပိုင် တွေက လုံခြုံရေး တင်းကျပ် မှုတွေ လုပ်နေ ပါတယ်။ မြန်မာနိုင်ငံမှာ လူမျိုးရေး ဘာသာရေးနဲ့ ဆက်နွယ်တဲ့ ပဋိပက္ခတွေကို တနေရာပြီး တနေရာ မကြာခဏ ဆိုသလို ကြုံလာခဲ့တာ နှစ်နဲ့ချီ ကြာလာ ပြီးတဲ့နောက် လူ့အဖွဲ့အစည်း နှစ်ခု အကြားမှာ သံသယ နဲ့မခံချင်စိတ်တွေ ဆက်ရှိနေ ကြပြီး အချိန်မရွေး ပြဿနာ ပြန်ဖြစ်နိုင်တဲ့ အနေအထားမှာ ရှိနေဆဲ ဖြစ်ပါတယ်။ တနင်္လာနေ့ တုန်းက ဧရာဝတီတိုင်း ပန်းတနော် မြို့မှာ ဖြစ်ခဲ့တဲ့ အချင်းပွားမှုကြောင့် ဘာသာရေး ပဋိပက္ခ မဖြစ်အောင် ရပ်ရွာမှာရှိတဲ့ ဘာသာရေး ခေါင်းဆောင်တွေ ဝိုင်းဝန်း ဖြေရှင်း ပေးခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း ပြဿနာ ပြေလည်သွား ပေမယ့် ဒေသခံ မူဆလင် အတော်များများ ကြောက်လန့်ပြီး တိမ်းရှောင် နေကြပါတယ်။ အဓိက ကတော့ ကောလဟာလ သတင်းတွေကြောင့် ဖြစ်တယ်လို့ မြို့ခံမူဆလင် တဦးက ဆိုပါတယ်။ ပန်းတနော်မှာ အခုလို အခြေအနေ ကြုံရသလို၊ ရန်ကုန် တောင်ဥက္ကလာ ၁၀ ရပ်က...

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူတွင် ယနေ့ ၂ ကျော့ပြန်ဖမ်းဆီး နေ

ယနေ့ ၂၇.၈.၂၀၁၃ ညနေ ၃ နာရီတွင် ယခင်ဖမ်းဆီးနေကျဖြစ်သော ကားဖြင့် တစ်စီးအပြည့် ဖမ်းဆီးသွားခဲ့ပြီး ဖမ်းဆီးသည့်ရဲများမှာ ဒမ်ဝမ်ဂီ မှရဲများပင်ဖြစ်ကြောင်း ..။ ထပ်မံပြီး ညနေ ၄ နာရီခွဲတွင် ကားအမှတ် ၅၇၂၄ ( ဘန်ကားအဖြူရောင် ) ဖြင့် ကားအပြည့် ဖမ်းဆီးသွားကြောင်းသိရသည် ။ ဖမ်းဆီးသူများကိုသတိထားရန်မှာ ယခင်ဖမ်းသကဲ့သို့ ရဲဝတ်စုံ ၊ ရေးလားဝတ်စုံတို့ဖြင့် မဟုတ်ပဲ အရပ်ဝတ်များဖြင့်သာ ဆက်တိုက်ဖမ်းဆီးနေ တာကြောင့် ကွာလာလမ်ပူ လမ်းသွားလမ်း လာ မြန်မာများ သတိထားသင့်ပါသည် ။ ယခင်အဆိုပါ ဖမ်းဆီးမှုကို ကိုတာရာယာရှေ့တွင်သာ ဖမ်းဆီသော်လည်း ယခုမြန်မာဆိုင်တန်းသို့ဝင်ရောက်ဖမ်းဆီးမှုမှာ ၂ ကြိမ်ရှိပြီဖြစ်သည် ။ ဖမ်းဆီးသည်ဆိုသော်လည်း ယခင်း Operacy များကဲ့သို့ မှန်မှန် မမှန်မှန် ဖမ်းဆီးသည်မဟုတ်ပဲ အထောက်အထားမရှိသူများကိုသာ ဖမ်းဆီးပြီး အထောက်အထားပြနိုင်သူများကိုမူ စစ်ဆေးပြီးသည်နှင့် ပြန်လည် သွားခွင့်ပြုကြောင်းတွေ့ရသည် ။ ပြီးခဲ့သည့် August လ ၂၂ ရက်နေ့တွင် တစ်ကြိမ် ။ ယနေ့ ၂၇.၈.၂၀၁၃ တွင် ကား ၂ စီးဖြင့် ၂ ကျော့်ပြန်တစ်ကြိမ် ဖမ်းဆီးခဲ့ပြီးဖြစ်ကြောင်းကို ကွာလာလမ်ပူသို့ အကြောင်းအမျိုးမျိုးကြောင့်လာရောက် မည့်သူများသိအောင် ရေးသားပေးပ...

ပန်းတနော်တွင် မွတ်စလင်တစ်အိမ် ဖျက်ပေး

ဧရာဝတီတိုင်း ပန်းတနော်မြို့မှာ သီချင်းဖွင့်ရာကနေ စကားများပြီး မွတ်စလင်အိမ်တအိမ်ကို မွတ်စလင် ဘာသာရေးခေါင်းဆောင်ပိုင်းက ကိုယ့်ဘာသာကိုယ် ဖျက်ပေးလိုက်တယ်လို့ မြို့ခံတွေ ပြောပါတယ်။ ဩဂုတ် ၂၆ ရက် မနက်ပိုင်းက ပန်းတနော်မြို့ ကွက်သစ်ရပ် ရေလဲလမ်းမှာရှိတဲ့ အစ္စလာမ်ဘာသာဝင် ဦးကာစင်ရဲ့  နေအိမ်မှာ ကုလားသီချင်းဖွင့်သလို အနားက ဗုဒ္ဓဘာသာအလှူက ဗမာသီချင်း အပြိုင်ဖွင့်ကြရာက အချင်းများကြတာလို့ မြို့ခံတွေက ပြောပါတယ်။ ဒီနောက် ဒီအချင်းများမှုကနေ လူများလာပြီး တခြားနေရာတွေကိုပါ ကူးစက်မှာစိုးတဲ့အတွက် မြို့ခံမွတ်စလင်ဘာသာရေးခေါင်းဆောင်တွေက ဦးကာစင်ရဲ့အိမ်ကို ဖျက်ပေးလိုက်တယ်လို့ ပန်းတနော်မြို့ခံတွေက ပြောပြပါတယ်။ ပန်းတနော်မြို့က အမတ်ဟောင်း ဦးမန်းညွန့်သိန်းက “အနောက်ပိုင်း ကွက်သစ်မှာဖြစ်တာ။ အဲဒီလမ်းထဲမှာ စတုဒီသာကျွေးတယ်ဆိုလား။ မွတ်စလင် အိမ်တအိမ်ကလည်း ကုလားသီချင်းတွေ ဖွင့်တယ်ပေါ့။ အဲဒီကနေ ချိတ်ပြီးတော့ ရုန်းရင်းဆန်ခတ်ဖြစ်တယ်လို့တော့ ကြားတာပဲ။ နောက်တော့ အဲဒီ မွတ်စလင်အိမ်ကို ဖျက်ပြီးတော့ ရွှေ့လိုက်တယ်ပေါ့။ ဗုဒ္ဓဘာသာဘက်က ဖျက်တာတော့ မဟုတ်ဘူး ထင်ပါတယ်။ သူတို့ဟာ သူတို့ပဲ ပြဿနာ မဖြစ်ရအောင်ပေါ့လေ။ နောက်ကွယ်မှာ မသင်္က...

မိုဘိုင်းလ် ဆင်းမ်ကတ်များကို အရေအတွက် အကန့်အသတ်ဖြင့်သာ ဆက်လက်ရောင်းချသွားမည်

နေပြည်တော်၊ သြဂုတ် ၂၃ အခြေခံအဆောက်အဦးများ တည်ဆောက်ပြီးစီးပါက လိုအပ်ချက်နှင့်အညီ ဖြန့်ချိပေးမည်ဟု ဆိုထားသည့် မိုဘိုင်းလ် ဆင်းမ်ကတ်များကို လက်ရှိရောင်းချထားပေးနေသည့်အတိုင်း အရေအတွက် အကန့်အသတ်ဖြင့်သာ ဆက်လက်ရောင်းချသွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောကြားသည်။ သမ္မတဦးသိန်းစိန်၏ ညွှန်ကြားချက်ဖြင့် လစဉ်ဆင်းမ်ကတ် သုံးသိန်းငါးသောင်းကို ငွေကျပ် ၁၅၀၀ နှုန်းဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးသို့ ဖြန့်ချိနေခြင်းဖြစ်ပြီး ယင်းအတိုင်းသာ ဆက်လက် ဖြန့်ချိမည် ဖြစ်ကြောင်း ဦးသောင်းတင်က ထပ်လောင်းပြောကြားသည်။ “ဒီလိုရောင်းတာ ဘယ်အချိန်အထိ ရောင်းမှာလဲဆို မလိုချင်တော့တဲ့ အချိန်အထိ ရောင်းသွားမှာပါ” ဟု ဦးသောင်းတင်က ဆိုသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မိုဘိုင်းလ် ဆင်းမ်ကတ်များကို အကန့်အသတ်ဖြင့်သာ ဖြန့်ချိနေခြင်းကြောင့် သမ္မတဦးသိန်းစိန် သတ်မှတ်ပေးသည့် ၁၅၀၀ ကျပ် ဈေးနှုန်းများ ပြင်ပဈေးကွက်တွင် အဆတစ်ရာနီးပါး ကွာဟနေကြောင်း ဖုန်းအရောင်းဆိုင်များထံမှ စုံစမ်းသိရှိရသည်။ မိုဘိုင်းလ် ဆင်းမ်ကတ်များ ပြင်ပဈေးနှုန်း မြင့်မားနေခြင်း၊ အရေအတွက် အကန့်အသတ...

ဝမ်းပျက်ဝမ်းလျှောရောဂါ

မြန်မာနိုင်ငံမှာ မိုးရာသီအပါအဝင် ရာသီမရွေးဖြစ်ပွားတတ်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါဟာ ကူးစက်မှုကြောင့် အဓိက ဖြစ်ပါတယ်။  ကာကွယ်ရေးအတွက် အစာရေစာ သန့်ရှင်းဖို့ နဲ့ တကိုယ်ရည် သန့်ရှင်းရေးရှိဖို့လိုအပ်ပါတယ်။ ကလေးသူငယ်တွေအတွက် မိခင်နို့တိုက်ကျွေးမှုကအထူးအရေးကြီးပါတယ်။  ရောဂါဖြစ်လာခဲ့ရင်  အသက်ဆုံးရှုံးမှု မဖြစ်ရအောင် ရေဓာတ်ဆားဓာတ်ဆုံးရှုံးမှု လက္ခဏာတွေကို သတိထားစောင့်ကြည့်ပြီး၊ အချိန်မီ ဆေးရုံဆေးခန်းမှာ ကုသမှုခံယူဖို့ လိုပါတယ်။ ၀မ်းပျက်ဝမ်းလျှောဖြစ်ခဲ့ရင် အဓိကကတော့ ဓာတ်ဆားရေတိုက်ဖို့လိုအပ်ပါကြောင်း အသိပေးလိုက်ရပါတယ်ခင်ဗျာ...

ဒူးဆစ်နာ ရောဂါဝေဒနာ

  ဒူးဆစ် နာကျင်ကိုက်ခဲတဲ့ ရောဂါ မြန်မာနိုင်ငံမှာ အဖြစ်များလာနေပြီး၊ အဓိကဖြစ်စေတဲ့ အများပြောတဲ့ ဒူးအရိုးကြီးပေါင်းတက်ရောဂါ (သို့) ဆေးပညာအရခေါ်တဲ့ ဒူးကအရိုးနုတွေ ပျက်စီးလာတဲ့ရောဂါမှာ များသောအားဖြင့် ဖြစ်ရခြင်းအကြောင်းရင်းကို နားလည်း၊ မသိရကြလို့ ဖြစ်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုကြပါတယ်။ ဒါကြောင့်မို့ ဒူးမှာရှိတဲ့ အရိုးနုတွေ ပျက်စီးတာကို ကာကွယ်ရခက်ပြီး၊ ပျောက်အောင်ကုသလို့ မရပေမဲ့၊ ပိုဆိုးမသွားအောင် ကြိုတင် လက္ခဏာအသေးစိတ်တွေကို သတိထားပြီး၊ အရိုးရောဂါကု ဆရာဝန်တွေနဲ့ စောစောစီးစီးပြသပြီး ကုသခံယူဖို့ အရေးကြီးပါတယ်။

သာယာဝတီ “အီးမေးလ်”

သာယာဝတီမြို့ခရိုင်နှင့် ပတ်သက်သူတိုင်း သာယာဝတီ “အီးမေးလ်” ကိုအသုံးပြု၍ သာယာဝတီဆိုက်မှာ Post များ တင်နိုင်ကြပါတယ်.. “သာယာဝတီ Email”သို့

Android Phone Go Launcher လေးနဲ့ အလှဆင်ကြပါ

 ဒါလေးကတော့ တော်တော်လေးကိုမိုက်တယ်.ီDownload . ဒီGO Launcher လေးက လန်းလဲလန်းတယ်  3D လဲပါတယ်.. Wood Theme GO Launcher EX တဲ့..ကဲ ကြိုက်တယ်ဆိုရင်တော့ဒေါင်းပေါ့..

သာယာဝတီ အီးမေးလ်

သာယာဝတီမြို့ခရိုင်နှင့် ပတ်သက်သူတိုင်း သာယာသတီအီးမေးလ်ကို ရှိနိုင်ပါသည်။ သာယာဝတီ “အီးမေးလ်”