ကန့်ဘလူ အကြမ်းဖက်မှုသတင်းများ

သတင်း – ကိုစိန်
ကန့်ဘလူ ၊သြဂုတ် – ၂၄၊ ၂၀၁၃။ ည ၁၀ နာရီ
စစ်ကိုင်းတိုင်း ကန့်ဘလူ ထန်းကုန်းရွာအား အင်အား ၂၀၀ ကျော်ခန့်ရှိသော ဗုဒ္ဓဘာသာဝင်
အကြမ်းဖက်သမားများမှ
ည ၉း၃၀ ခန့်မှ မွတ်စ်လင်မ်ပိုင် အဆောက်အုံများ ဈေးဆိုင်များကို ဖျက်ဆီးရန် စုဝေးခဲ့ကြကြောင်း ကန့်ဘလူဒေသခံများက သတင်းပေးပို့ထားပါသည်။
ယခု သတင်းပေးပို့ချိန်တွင် မွတ်စ်လင်မ် ဆိုင် ၇ ဆိုင်အား ဖျက်ဆီးခံခဲ့ကြောင်း သတင်းရရှိပါသည်။ ရဲများ ရောက်ရှိလာပြီး အကြမ်းဖက်သမားများနှင့် အခြေအနေ တင်းမာလျက် ရှိနေဆဲဖြစ်ကြောင်း သိရှိရပါသည်။

သဂုတ် – ၂၄၊ ၂၀၁၃။ ည ၁၁ နာရီ
ထန်းကုန်းရွာတွင် အဆိုပါ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဖျက်ဆီးခံရသော ဆိုင်များအနက် ဘူတာအနီးရှိ ဆိုင် ၃ ဆိုင် ပါဝင်ခဲ့ကြောင်း အကြမ်းဖက်သူများမှာ မူလ ၂၀၀ မှ ၅၀၀ ခန့် အထိ များပြားလာခဲ့ကြောင်း မြန်မာမွတ်စ်လင်မ် မီဒီယာသို့ သတင်းများ ဆက်လက်ပေးပို့ထားပါသည်။

သြဂုတ် – ၂၄၊ ၂၀၁၃။ ည ၁၂ နာရီ
ဆိုင်ခန်းများအား မီးရှိ့ခဲ့ခြင်းဖြစ်ကြောင်း မီးသတ်ကားများ ရောက်ရှိလာသော်လည်း လူအုပ်ကြီးမှ ပေးမဝင်ခဲ့ကြောင်း၊
စတင်စုဝေးပြီး လာရောက်အကြမ်းဖက်သူများမှာ ထန်းကုန်းမြို့ခံများ မဟုတ်ပဲ ထန်းကုန်းမြို့ နှင့် ၁ဝ မိုင်ခန့် အကွာရှိ ဇီးပင်သာမှ လူများဖြစ်မည်ဟု နောက်ဆုံး ဆက်သွယ် ရရှိသော သတင်းများအရ သိရှိရပါသည်။
ထန်းကုန်းမြို့ရှိ ဖုံးလိုင်းများမှာလည်း ပြတ်တောက်လျက်ရှိနေကြောင်း သတင်းရရှိပါသည်။

ရွှေဘိုမြို့ အခြေအနေ
ရွှေဘိုမြို့တွင် အခြေအနေများ တည်ငြိမ်ဆဲဖြစ်ကြောင်း၊ သို့သော် အဆိုပါ အကြမ်းဖက်သမားများ အနက်မှ ၃ ဦးသည် ရထားဖြင့် ရွှေဘိုမြို့အား လှုံဆော်ရန် လာရောက်ခဲ့ကြပြီး သက်ဆိုင်ရာမှ စစ်ဆေးမေးမြန်းလျက်ရှိကြောင်း ရွှေဘိုမြို့ခံ တစ်ဦးမှ မြန်မာမွတ်စ်လင်မ် မီဒီယာသို့ သတင်းပေးပို့ထားပါသည်။

သြဂုတ် – ၂၅၊ ၂၀၁၃။ နံနက် ၂ နာရီ
ထန်းကုန်းအနောက် ဗလီကြီးတစ်ဝိုက်ရှိ အိမ်များ မီးရှို့ခံနေရဆဲ ဖြစ်ကြောင်း အိမ်ခြေ ၅၀ မှ ၁၀၀ ကြားအထိ ဖြစ်နိုင်ကြောင်း ထန်းကုန်းမှ ရွှေဘိုသို့ ဆက်သွယ် ရရှိသော သတင်းများအရ သိရှိရပါသည်။
ဒေသခံများမှာ အကြမ်းဖက်သမားများ၏ ရန်မှ ကင်းဝေးစေရန် ဗလီအနီးတွင် တိမ်းရှောင်နေကြကြောင်း သိရှိရပါသည်။



Popular posts from this blog

အသုံးဝင် Website address Links များ

PDF Converter လေးသုံးကြမယ် PDF Converter Pro

Twitter Account အား Multiple အသုံးပြုနိုင်ရန်