ကန့်ဘလူမြို့နယ်၌ အမျိုးသမီး တစ်ဦးအား ကာအိနြေ္ဒပျက်ပြားအောင်အနိုင်ကျင့်စော်ကားရန် ကြိုးစားရာမှ အစပြုပြီးအကြမ်းဖက်

နေပြည်တော်၊ ဩဂုတ်၊ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ယမန်နေ့က အမျိုးသမီး တစ်ဦးအား အမျိုးသား တစ်ဦးက 

ကာအိနြေ္ဒပျက်ပြားအောင် ပြုလုပ်၍  အစပြုပြီး အနိုင်ကျင့်စော်ကားရန် ကြိုးစားရာမှ အစပြုပြီး

မ​ကျေနပ်သူလူအုပ်စုက ဈေးဆိုင်၊ နေအိမ်နှင့် ကြက်ခြံတို့အား မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း၊ တာဝန်ရှိသူများက အကြမ်းဖက် မှုများ ထပ်မံမဖြစ်ပွားစေရန်အတွက် ထိန်းသိမ်း ဆောင်ရွက်လျက် ရှိပြီး အကြမ်းဖက်ဖျက်ဆီးမှုများတွင် ပါဝင်သူများအား အမှုဖွင့်အရေးယူရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

ယမန်နေ့ ညနေ ၆ နာရီခွဲခန့်တွင် ကန့်ဘလူမြို့နယ် ထန်းကုန်ကျေးရွာအုပ်စု ဇီးပင်သာ ကျေးရွာနေ အမျိုးသမီး တစ်ဦးသည် ထန်းကုန်းကျေးရွာရှိ ဆံပင်ရောင်း/ဝယ်ဆိုင်မှ ပြန်လာစဉ် ထန်းကုန်း ကျေးရွာနှင့် ဇီးပင်သာ ကျေးရွာကြားအရောက် ထန်းတောကျေးရွာနေ ဆန်းမင်းဦး(ဘ) ဦးဆန်းဝင်းက လက်ဆွဲပြီး ဖက်လုံးကာ အနိုင်ကျင့်စော်ကားရန် ကြိုးစားခဲ့ကြောင်း၊ ထိုအချိန်တွင် ဇီးပင်သာကျေးရွာဖက်မှ အမျိုးသားတစ်ဦး ရောက်ရှိ လာသဖြင့် ဆန်းမင်းဦးသည် ထန်းကုန်း ကျေးရွာဘက်သို့ ထွက်ပြေးသွားခဲ့သော်လည်း ဝိုင်းဝန်းဖမ်းဆီးသဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း၊ ဆန်းမင်းဦးအား ထန်းကုန်းရဲစခန်းမှ တစ်ဆင့် ကန့်ဘလူမြို့မ ရဲစခန်းသို့ ပြောင်းရွှေ့ ချုပ်နှောင်း ခဲ့ပြီး မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရန်အတွက် ညပိုင်းတွင် ရွှေဘိုအကျဉ်းထောင် သို့ ပို့ဆောင်ခဲ့ကြောင်း။

ည ၇ နာရီခွဲခန့်တွင် ထန်းကုန်းကျေးရွာနှင့် ဇီးပင်ကျေးရွာတို့မှ ရွာသူရွာသား ၁၅၀ ခန့်သည် ထန်းကုန်း ရဲစခန်းသို့ ရောက်ရှိလာပြီး ဆန်းမင်းဦးအား ထုတ်ပေးရန် တောင်းဆိုခဲ့ကြောင်း၊ ထို့နောက် လူအုပ်စုသည် သံလမ်းဘေးရှိ ဈေးဆိုင်၊ နေအိမ်အချို့နှင့် ကြက်ခြံတစ်ခြံတို့အား မီးရှို့ ဖျက်ဆီးခဲ့ကြောင်း။

မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၃၉လုံး၊ ဈေးဆိုင်ခန်း ၃ ခန်း၊ ကြက်ခြံတစ်ခြံတို့ မီးလောင်ကျွမ်း ခဲ့ပြီး နေအိမ် ၃ လုံး၊ ဈေးဆိုင်ခန်း ၁၂ ခန်း၊ ဆောက်လုပ်ရေး ပစ္စည်းဆိုင် ၃ ဆိုင်တို့ ရိုက်ချိုး ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

အခင်းဖြစ်နေရာသို့ တိုင်းဒေသကြီး နယ်စပ်ရေးရာဝန်ကြီးနှင့် အဖွဲ့၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့၊ ရဲတပ်ရင်းမှ တပ်ရင်းမှူးနှင့်အဖွဲ့များ ရောက်ရှိပြီး လုံခြုံရေးဆောင်ရွက်လျက် ရှိကြောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယနေ့နံနက် ၅ နာရီကျော်ခန့်တွင် ကန့်ဘလူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ ရောက်ရှိပြီး နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ် သည်များ ဖြည့်ဆည်းမှားကြား ခဲ့ကြောင်း သိရှိရသည်။ ( သတင်းစဉ်)

Popular posts from this blog

အသုံးဝင် Website address Links များ

PDF Converter လေးသုံးကြမယ် PDF Converter Pro

Twitter Account အား Multiple အသုံးပြုနိုင်ရန်