ကန်တော်ကြီးပတ်လမ်းတွင် အဝတ်ဗလာအမျိုးသားတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေမှု

ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းတွင် အဝတ်ဗလာနှင့် အမျိုးသားတစ်ဦး ဒဏ်ရာများဖြင် သေဆုံးနေမှုကို မဂင်္လာတောင်ညွှန့် ရဲက အမှုဖွင့်ပြီး စုံစမ်းလျက်ရှိသည်။
ဖြစ်စဉ်တွင် ကန်တော်ကြီးပတ်လမ်း ရှန်ဂရီလာ ဆောက်လုပ်ရေးဝန်းရှေ့တွင် အမျိုးသားတစ်ဦး ဒဏ်ရာများနှင့် သေဆုံးနေကြောင်း သတင်းအရ မြို့နယ် ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးခဲ့ကြသည်။

အသေးစိတ် စစ်ဆေးရာတွင် သေဆုံး သူသည် အမည်မသိ၊ နေရပ်လိပ်စာ မသိ (စုံစမ်းဆဲ) အသက် (၄၀)နှစ်ခန့် အမျိုးသားတစ်ဦးဖြစ်ပြီး အဝတ်ဗလာ ပက်လက်အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိရခြင်း ဖြစ်သည်။

သေဆုံးသူသည် ဦးခေါင်း ဝဲဘက်ခြမ်း ပွင့်ထွက်ဒဏ်ရာ၊ ယနားထင်ညိုမဲ၊ လည်ပင်းဝဲဘက်နှင့် ရင်ဘက်ပွင့်ထွက် ဒဏ်ရာ၊ ယာဒူးခေါင်း ပေါက်ပြဲ၊ ဝှေးစေ့ စုတ်ပြဲဒဏ်ရာတို့ဖြင့် သေဆုံးနေခြင်းလည်းဖြစ်သည်။

ထို့ကြောင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး မော်တော်ယာဉ်တစ်စီးစီးက တိုက်မိ၍ ဒဏ်ရာရရှိကာ သေဆုံးခြင်းဖြစ်သည်ဟု ယူဆသဖြင့် ယာဉ်ထိန်းတပ်ဖွဲ့စု ၂၈ မှ ရဲအုပ် မျိုးဆွေဦးက စုံစမ်းဖော်ထုတ်ပေးရန် တိုင်တန်းထားသည်။

ယင်းတိုင်တန်းမှုကို မင်္ဂလာတောင်ညွန့်မြို့နယ် ရဲတပ်ဖွဲ့စခန်းက ယာဉ်(ပ) ၄၂/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး ယာဉ်တိုက်မှု ဖြစ်ပေါ်ခဲ့သည်။

ယာဉ်မောင်းဖြစ်သူအား ပုဒ်မ ၃၀၄-က/၂၀၂ ဖြင့် တရားစွဲတင်နိုင်ရန် စုံစမ်းရှာဖွေ လျက်ရှိသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese

Popular posts from this blog

အသုံးဝင် Website address Links များ

PDF Converter လေးသုံးကြမယ် PDF Converter Pro

Twitter Account အား Multiple အသုံးပြုနိုင်ရန်