ကျွန်းစုမြို့နယ်အတွင်း ဘင်္ဂါလီများ သယ်ဆောင်မည့် ကုန်လှေတစ်စင်းအား AK-47 သေနတ်၊ ကျည်ဆန်များနှင့်အတူ ဖမ်းဆီးရမိ


ကျွန်းစုမြို့နယ်အတွင်း ဘင်္ဂါလီများ သယ်ဆောင်မည့် ကုန်လှေတစ်စင်းအား AK-47 သေနတ်၊ ကျည်ဆန်များနှင့်အတူ ဖမ်းဆီးရမိ


Tuesday, 03 September 2013 18:29
AddThis Social Bookmark Button
I-4-9
ပထော်ကျွန်းအနီး ဆိုက်ကပ်ထားသော ဖမ်းဆီးရမိသည့် ငါးဖမ်းလှေနှင့် ရေတပ်စစ်သင်္ဘော ၄၀၃ အား တွေ့ရစဉ်
စက်တင်ဘာလ ၁ ရက်ညတွင် ကျွန်းစုမြို့နယ်အပိုင် ပထော်နှင့် မြိတ်မြို့ရေပြင်ကြားရှိ ငါးဖမ်းလှေ တစ်စင်းအား ရေတပ်စစ်သင်္ဘော ၄၀၃ မှ ဗိုလ်မှူးမျိုးထက်ဝင်း ဦးစီးပြီး စစ်ဆေးရာ လှေပေါ်တွင် ပါလာသော လှေသား ၁၅ ဦးနှင့်အတူ AK-47 သေနတ်တစ်လက်၊ ကျည်ကတ်နှစ်ကတ်၊ ကျည်ဆံ ၂၁ တောင့်ဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
"ပထော်ကျွန်း အလွန်နားမှာ မိတာပါ။ ဒီလှေပေါ်မှာ မြန်မာလုပ်သား ၁၂ ဦးပါပြီး စက်ခန်းထဲမှာ ဘင်္ဂါလီသုံးဦး လိုက်ပါလာပါတယ်။ လှေပေါ်မှာ လက်နက်တွေလည်း ပါလာပြီး ကနဦး စစ်ဆေးချက်အရ အဲဒီလှေဟာ ဘင်္ဂါလားဒေ့ရှ်ကို သွားမယ်လို့ ပြောတယ်။ အဲဒီကလူတွေသယ်ပြီး ထိုင်းဘက်ကို သွားမယ်လို့ တွက်ဆိုတယ်" ဟု တာဝန်ရှိသူ တစ်ဦးမှ ပြောကြားခဲ့သည်။
ယခု ဖမ်းဆီးရမိခဲ့သော ကုန်လှေမှာ ကောင်းမြတ်ဟင်္သာအမည်ရှိ လှေဖြစ်ပြီး ရေယာဉ်လိုင်စင်မှာ ဧပြီလတွင် ကုန်ဆုံးနေပြီး စက်နှင့်စက်လိုင်စင်ပါ အချက်အလက်များ ကွဲလွဲမှု ဖြစ်နေသောကြောင့် အသေးစိတ် ထပ်မံစစ်ဆေးခဲ့ရာ စက်ခန်းအတွင်း ပုန်းအောင်းနေသော ဘင်္ဂါလီသုံးဦးကို လက်နက်၊ ကျည်ဆံများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပဲ့နင်းဦးမောင်ထွန်းနှင့် ဘင်္ဂါလီသုံးဦးအား စစ်ဆေးမေးမြန်းချက်အရ ၎င်းတို့မှာ ဘင်္ဂလားဒေ့ရှ်မှ ဘင်္ဂါလီများကို တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၅၀၀၀ ဖြင့် သွားရောက်တင်ဆောင်ရန်ရှိကြောင်း မြန်မာ့ရေပိုင်နက်အား ဖြတ်သန်းကာ ထိုင်းနိုင်ငံရှိ ရှမ်းကျွန်းမဲသို့ ပို့ဆောင်ရန် စီစဉ်ထားကြောင်း လှေပိုင်ရှင်ဖြစ်သူ ဦးနိုင်စိုက်ချမ်းမှ AK-47 သေနတ်တစ်လက်၊ ကျည်ကဒ်နှစ်ကဒ်၊ ကျည် ၂၁ တောင့် ပေးအပ်ခဲ့ကာ မြိတ်မြို့သို့အ၀င်တွင် သက်ဆိုင်ရာဌာနများသို့ ကမ်းဝေးရေပြင်ရှိ ငါးလှေများကို ရိက္ခာပို့ရန်နှင့် ငါးကဲ့ရန်ဟု သတင်းပို့ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။
ဖမ်းဆီးရမိထားသော လှေသားများကို စစ်ဆေးနေစဉ် ဦးနိုင်စိုက်ချမ်း၏ တပည့်ဖြစ်သူ မိုးပျံဆိုသူမှ စက်တင်ဘာလ ၂ ရက်နေ့တွင် စစ်ရေယာဉ်သို့ ရောက်ရှိလာပြီး ထိန်းသိမ်းထားသော ကုန်လှေအား လွှတ်ပေးရန် ငွေကျပ် ၁၀ သိန်းနှင့် လာရောက်ညှိနှိုင်းသောကြောင့် မိုးပျံဆိုသူအား ထပ်မံဖမ်းဆီးခဲ့ရကြောင်း သိရသည်။
အဆိုပါ အမှုအား ပ/၂၀၁၃၊ လက်နက်ယာယီ ပြင်ဆင်ချက် ဥပဒေပုဒ်မ ၁၉ (က) အရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Popular posts from this blog

အသုံးဝင် Website address Links များ

PDF Converter လေးသုံးကြမယ် PDF Converter Pro

Twitter Account အား Multiple အသုံးပြုနိုင်ရန်