တော့တီးတော့တ အရွယ် လေ့ကျင်းပေးခြင်း (ကလေးငယ်များ)

နှစ်နှစ်နှင့် သုံးနှစ်ကြား မိတ်ဆက်ပေးနိုင်သော တခြား မိမိကိုယ်မိမိ ဂရုတစိုက် စောင့်ရှောက်ခြင်းဆိုင်ရာ ကျွမ်းကျင်မှုများမှာ-

→စားသောက်ပြီးချိန်၌ လက်နှင့်မျက်နှာကို ဆေးကြော၍ စင်အောင်သုတ်ခြင်း
→ချောင်းဆိုးသည့်အခါ (သို့မဟုတ်) နှာချေသည့်အခါ နှပ်ညှစ်ခြင်းနှင့် ပါးစပ်ပိတ်ထားခြင်း
→သွားတိုက်ခြင်း (ခြောက်နှစ်၊ ခုနှစ်နှစ်ရွယ်ရောက်သည်အထိ ကူညီဖို့လိုနေဆဲပင် ဖြစ်သော်လည်း)
→ဖိနပ်သဲကြိုးချည်ခြင်း
→ခေါင်းဖြီးခြင်း သို့မဟုတ် ဆံပင်သပ်ခြင်း
→အရုပ်များသိမ်းဆည်းခြင်း
ဤစွမ်းရည်များသည် ကျယ်ပြောသော ကမ္ဘာလောကကြီးအထဲသို့ ၀င်ရောက်ရေးတွင် အသေးအဖွဲဖြစ်ပုံရသော်လည်း ယင်းတို့မှာ တစ်ခုအပေါ်တစ်ခု မှီခိုတည်ဆောက် ဖွံ့ဖြိုးလာသော လွတ်လပ်မှုဆိုင်ရာ ကျွမ်းကျင်မှုများပင် ဖြစ်သည်။ကလေးတို့ကြီးပြင်းလာသည်နှင့်အမျှ ပိုမိုသိမ်မွေ့သော လွတ်လပ်မှုဆိုင်ရာ ကျွမ်းကျင်မှုများ ဖွံ့ဖြိုးလာစေရန် သူတို့ငယ်စဉ် အစောပိုင်းအရွယ်ကတည်းက သည်လိုအခြေခံများတည်ဆောက်ရေးအတွက် မိဘတို့က စစ်ကူပေးရန်လိုအပ်လှပါသည်။

Popular posts from this blog

အသုံးဝင် Website address Links များ

Facebook မှာ ကိုယ့် Profile Page ကိုဘယ်သူကြည့်သလဲ

PDF Converter လေးသုံးကြမယ် PDF Converter Pro