ဥက္ကံအကြမ်းဖက်မှုတွင် ပါဝင်ခဲ့သူသုံးဦးကို ပြစ်ဒဏ်အသီးသီးချ

ဧပြီလကဖြစ်ပွားခဲ့သည့် ဥက္ကံမြို့ဆူပူအကြမ်းဖက်မှု တရားခံအမျိုးသားသုံးဦးကို ပြစ်ဒဏ်အသီးသီး ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

သြဂုတ် ၂၃ ရက်တွင် တရားခံများဖြစ်ကြသည့် စိန်ဟန်၊ ၀င်းသန်းနှင့် ကြည်ခိုင်စိုးတို့သုံးဦးကို တိုက်ကြီးမြို့နယ်တရားရုံးမှ အပြီးသတ်စီရင်ချင်ချကာ အလုပ်နှင့်ထောင်ဒဏ်ငါးနှစ်နှင့် ခုနစ်နှစ်စီ အသီးသီးချမှတ်လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှုခင်းမှတ်တမ်းများတွင် ဖော်ပြထားသည်။
အဆိုပါအမျိုးသားသုံးဦးတို့သည် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့တွင် ဧပြီ ၃၀ ရက် နံနက် ၉ နာရီ၌ ဗုဒ္ဓဘာသာကိုရင်တစ်ပါးနှင့် အစ္စလာမ်ဘာသာဝင် အမျိုးသမီးတစ်ဦးတို့ မတော်တဆထိခိုက်မိရာမှ စတင်ခဲ့သည့် ဆူပူအကြမ်းဖက်မှုများတွင် ပါဝင်ခဲ့ကြသောကြောင့် ဥက္ကံမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူခံခဲ့ရသည်။
ထို့ကြောင့် တရားခံစိန်ဟန်ကို ပြစ်မှုဆိုင်ရာပုဒ်မ ၄၄၀/၃၄ ကို ကျူးလွန်ကြောင်း ပေါ်ပေါက်သဖြင့် အလုပ်နှင့်ထောင်ဒဏ်ငါးနှစ် ပြစ်ဒဏ်စီရင်လိုက်ခြင်းဖြစ်သည်။ အလားတူ တရားခံဝင်းသန်းကို ပြစ်မှုဆိုင်ရာပုဒ်မ ၄၃၆/၃၄ စွဲချက်ဖြင့် အလုပ်နှင့်ထောင်ဒဏ်ခုနစ်နှစ် ချမှတ်လိုက်သည်။
ထို့အပြင် တရားခံကြည်ခိုင်စိုးကို ပြစ်မှုဆိုင်ရာပုဒ်မ ၄၄၀/၃၄ ကို ကျူးလွန်ခဲ့ကြောင်း ထင်ရှားသောကြောင့် အလုပ်နှင့်ထောင်ဒဏ်ငါးနှစ်နှင့် ပြစ်မှုဆိုင်ရာပုဒ်မ ၄၃၆/၃၄ ကို ကျူးလွန်ခဲ့သောကြောင့် အလုပ်နှင့်ထောင်ဒဏ်ခုနစ်နှစ် တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
7daynewsjournal.com

Popular posts from this blog

အသုံးဝင် Website address Links များ

Facebook မှာ ကိုယ့် Profile Page ကိုဘယ်သူကြည့်သလဲ

PDF Converter လေးသုံးကြမယ် PDF Converter Pro