ကွန်ပျူတာလုံး Boot မလုပ်နိုင်လျှင် CMOS Clear လုပ်ပါ
မသိသေးသူ မိတ်ဆွေများခင်ဗျာ..ဒိပို့စ်လေးကတော့ Password မသိတော့ရင်ဖြစ်ဖြစ်၊ ကွန်ပျူတာလုံးဝ B00T မလုပ်နိုင်ခဲ့ရင် (No Video/ No Beep Code) တွေဖြစ်ခဲ့လျှင်လည်း CMOS Clear လုပ်ခြင်းဖြင့်ဖြေရှင်းနိုင်ပါတယ်။ CMOS Clear လုပ်ရန်ပထမဦးဆုံး ကွန်ပျူတာ ပါဝါပိတ်ပါ။ ပါဝါကြိုးဖြုတ်ပါ။ ဒုတိယအနေနဲ့ Motherboard ပေါ်မှာ Cmos Jumper ကိုရှာပါ။ဘယ်ဟာမှန်းမသိခဲ့ရင် ၀ယ်ယူစဉ်ကစာရွက်စာတမ်းမှာကြည့်၍ ရှာဖွေပါ။
Cmos Jumper မှာ Pin (3) ခုရှိပါတယ်။Pin နံပါတ် (1-2)မှာချိုးပြီးသားဖြစ်ပါလိမ့်မယ်။ (2-3) သို့ခေတ္တပြောင်းချိုးပေးရပါမယ်။ 5 စက္ကန့် (သို့) 10 စက္ကန့်ခန့်ကြာပြီးချိန်မှာ မူလPin (1-2) သို့ပြန်ပြောင်းချိုးပေးရပါမယ်။ နောက်တစ်မျိုးကတော့ CMOS ဘက္ထရီကို (1) နာရီလောက်ဖြုတ်ထားပြီးမှ ပြန်တပ်လိုက်ပါ။ မိနစ်အနည်းငယ်ဖြင့်ပြန်တပ်မိလျှင် ထပ်မံစောင့်ဆိုင်းရနိုင်ပါတယ်ခင်ဗျာ...