မေးခိုင်ရောဂါ

မေးခိုင်ရောဂါဟူသည် >(Clostridium tetani) ခေါ် ရောဂါပိုးကြောင့် ဖြစ်ပွားရ၏။ ဤရောဂါပိုးသည် လူသားတို့၏မစင်နှင့် တိရစ္ဆာန်များ၏မစင်၌ ပါရှိတတ်သည်။ ရောဂါပိုးများသည် စိုက်ပျိုးရေးပြုလုပ်ထားသော မြေကြီးထဲတွင် ပေါများ၍ လူသားတို့တွင် သံစူးခြင်း၊ ဆူးစူးခြင်းစသည့် ဘာမဟုတ်သည့် ဒဏ်ရာလေးများမှတဆင့် အသားထဲသို့ရောက်ရှိသွားတတ်သည်။

သန့်ရှင်းမှုမရှိသော ဒေသတွင် ဤရောဂါရတတ်ပါသည်။ မွေးစကလေး၏ ချက်ကြိုးကိုရောဂါပိုးပါသော ဆေးမှုန့်များထည့်မိပါက ကလေးတွင်ရောဂါရတတ်သည်။ သာမန်အားဖြင့် ပြင်ပမြေကြီးတွင် ရောဂါပိုးများသည် ပိုးဥအသွင်ပြောင်းပြီး နှစ်ပေါင်းများစွာကြာအောင် အသက်ရှင်လျှက်ရှိတတ်ကြသည်။ ထိုပိုးဥကလေးများသည် လူသားတို့၏ အသားထဲသို့ ရောက်ရှိသွားသောအခါ အကောင်များပေါက်ဖွားပြီး အဆိပ်ရည်ကိုထုတ်လုပ်ကြသည်။ ထိုအဆိပ်ရည်က အာရုံကြောများကို ဒုက္ခပေးလေ့ရှိကြသည်။ ထိုကဲ့သို့ဖြစ်လျှင် အဓိကလက္ခဏာများမှာ တစ်ကိုယ်လုံးတောင့်တင်းပြီး ၀က်ရူးပြန်သလို တက်တတ်ခြင်းဖြစ်တတ်ပါသည်။ ရောဂါပိုးဝင်ပြီး (2) ရက်မှ ရက်သတ္တပတ်များစွာကြာမှ ရောဂါလက္ခဏာစတင်ဖြစ်ပေးတတ်သည်။ ထိခိုက်ဒဏ်ရာရ ပြီးခြင်း ရက်အနည်းငယ်အတွင်း ရောဂါလက္ခဏာပေါ်ပါက အန္တရာယ်ပိုပြီးပြုတတ်ပါသည်။ ထို့ကြောင့် ဒဏ်ရာရလျှင် ရခြင်း မေးခိုင်ကာကွယ်ဆေးကို နီးစပ်ရာဆေးခန်းတွင် သွားရောက်ထိုးကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။

Popular posts from this blog

အသုံးဝင် Website address Links များ

Facebook မှာ ကိုယ့် Profile Page ကိုဘယ်သူကြည့်သလဲ

PDF Converter လေးသုံးကြမယ် PDF Converter Pro