လူနှင့်ကိုးကွယ်မှု၏ >>အဆက်

       “လူသားတို့သည် ဘေးရန် အန္တရာယ်အမျိုးမျိုးကို စိုးရွံ့ကြောက်လန့်နေကြကုန်သော အခါ
 တောင်တို့ကို လည်းကောင်း၊ တောတို့ကိုလည်းကောင်း၊ အာရာမ်တို့ကိုလည်းကောင်း
ကိုးကွယ်ကြကုန်၏” ဟု- မြတ်ဗုဒ္ဓဟောကြားခဲ့၏။

         ပင်လယ်၊ သမုဒ္ဒရာတို့၌ အသက်မွေးမှု ပြုကြသူတို့သည် သမုဒ္ဒရာစောင့်နတ်များကို ကိုးစားကြသည့်နည်းတူ တောရပ်ဒေသ၌ လုပ်ကိုင်စားသောက်ကြသူတို့ကလည်း တော
တောင်ဥယျာဉ်စသည်တို့ကို ပူဇော်ကြသည်။ ထို့ပြင် ကောက်ပင်စိုက်ပျိုး အောင်မြင်လိုမှုအတွက်
မိုးနတ်စသည်တို့ကို ပ-သ ကြ၏။ သားဆုပန်ရန် တောစိုး သစ်ပင်ကြီးများ၌ ရှိမည်ထင်သော နတ်တို့
ကို တင်မြှောက်ကြသည်။
         ဤသည်တို့မှာ ထိုစဉ်က ကမ္ဘာ့လူသား အားလုံးလိုလိုနှင့် သက်ဆိုင်သော ကိုးကွယ်မှုများဖြစ်သည်။
ကိုးကွယ်မှုအစ၊ ကိုးကွယ်မှု၏ အဓိပ္ပာယ်ဟု ဖော်ပြအပ်ပါသည်။
>>ဆက်လက်ဖော်ပြပါမည်။

Popular posts from this blog

အသုံးဝင် Website address Links များ

PDF Converter လေးသုံးကြမယ် PDF Converter Pro

Twitter Account အား Multiple အသုံးပြုနိုင်ရန်