သွေးတိုးရောဂါ

သွေးတိုးရောဂါသည် ကမ္ဘာနှင့်အ၀ှမ်းဖြစ်သော်လည်း အစားအသောက်နေထိုင်ပုံကို မူတည်၍ ရောဂါဖြစ်သည့် လူဦးရေမတူပါ။ သွေးတိုးရောဂါသည် နှစ်မျိုးနှစ်စားရှိပါသည်။
ပထမအမျိုးအစားမှာ အဖြစ်များ၍ မျိုးစေ့ပါသောသူများသည် ပို၍ဖြစ်လေ့ဖြစ်ထရှိပါသည်။
မျိုးရိုးထဲတွင် သွေးတိုးရောဂါရှိသူများ၊ ၀သောသူများ၊ ဆီးချိုရောဂါရှိသူများ၊ ဆားအငံဓာတ် အလွန်အမင်းစားသုံးသူများ၊ အရက်အလွန်အကျွံသောက်သူများ၌ ပို၍တွေ့ရတတ်ပါသည်။
ဒုတိယအမျိုးအစားမှာ ခန္ဓာကိယ်ထဲတွင် အင်္ဂါရပ်တစ်ခုချို့တဲ့ပါက ဥပမာ-ကျောက်ကပ်ရောင်ရောဂါဖြစ်ပါက သွေးတိုးရောဂါသည် နောက်ဆက်တွဲအနေဖြင့် ဖြစ်လာတတ်ပါသည်။ ထိုကဲ့သို့သွေးတိုးရောဂါမျိုးမှာ မျိုးစေ့မျိုးရိုးပါသော သွေးတိုးရောဂါမျိုးထက် အဖြစ်နည်းပါသည်။ မည်သို့ပင်ဖြစ်စေ သွေးတိုးရောဂါကြာမြင့်လာလျှင် မကောင်းသည့်ရလတ်များ အနှေးနှင့်အမြန် ဖြစ်လာပါလိမ့်မည်။

Popular posts from this blog

အသုံးဝင် Website address Links များ

PDF Converter လေးသုံးကြမယ် PDF Converter Pro

Twitter Account အား Multiple အသုံးပြုနိုင်ရန်