ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများ ဖမ်းဆီးရမိ


စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့၊ မြောက်အင်းရပ်ကွက်၊ အောင်ရတနာခရီးသည်တင်ကား ဂိတ်၌ အောက်တိုဘာ ၁၇ ရက် နေ့လယ် ၁၂ နာရီခန့်က မခိုင်စုဝေ (၃၇) နှစ် (ဘ) ဦးအောင်မြင့်၊ ကျောင်းဆရာမ၊ ၀ဲလာကျေးရွာ၊ ပင်လည်ဘူးမြို့နယ်နေသူသည် မန္တလေးသို့သွားရောက်ရန် ကား လက်မှတ်အားငွေကျပ်တစ်သောင်း တန်သုံးရွက်ဖြင့် ၀ယ်ယူခဲ့သည်ဆို ၏

အဆိုပါကားဂိတ်မှ တာဝန်ရှိ သူများက ကျပ်တစ်သောင်းတန်ငွေ စက္ကူများမှာ အတုဖြစ်နေသည်ကို သိရှိရသဖြင့် ကောလင်းမြို့နယ် ရဲစခန်းသို့အကြောင်းကြားခဲ့ရာ ကောလင်းရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင်ရဲအုပ်စန်းယုနှင့် အဖွဲ့လာရောက်ကြည့်ရှုသိမ်းဆည်း ခဲ့ပြီး ငွေစက္ကူအတုအသုံးပြုသူ တည်းခိုနိုင်သည့်တည်းခိုခန်းများ အား သွားရောက်စစ်ဆေးကြရာ ကောလင်းမြို့၊ မြောက်အင်းရပ် “ရွှေလ၀င်းတည်းခိုခန်း”တွင် မခိုင်စုဝေအားတွေ့ရှိရသည်ဆို၏။

မခိုင်စုဝေ၏ ပိုက်ဆံအိတ်အား စစ်ဆေးကြရာ ကျပ်တစ်သောင်း တန်ငွေစက္ကူ ၂၂ ရွက်နှင့် ၎င်း ၀ယ်ယူခဲ့သော ငါးချဉ်ရောင်းသူထံ မှ ကျပ်တစ်သောင်းတန်တစ်ရွက်၊ အောင်ရတနာကားဂိတ်မှ ကျပ် တစ်သောင်းတန်သုံးရွက်၊ စုစုပေါင်း ကျပ်တစ်သောင်းတန် ၂၆ ရွက်၊ တန်ဖိုးကျပ် ၂၆၀၀၀၀ သိမ်းဆည်း ရမိသည်ဆို၏။ အဆိုပါမှုနှင့် ပတ်သက်၍ မခိုင်စုဝေအား ကောလင်းမြို့နယ်ရဲစခန်းတွင် ထိန်းသိမ်းထားရှိပြီး တရားဥပဒေ အရဆက်လက်အရေးယူပြီး ဖြစ်ရပ်မှန်ကို စုံစမ်းလျက်ရှိကြောင်း သိရသည်။

ကိုကိုညိမ်း(ကောလင်း)
The Hot News Weekly.

Popular posts from this blog

အသုံးဝင် Website address Links များ

PDF Converter လေးသုံးကြမယ် PDF Converter Pro

Twitter Account အား Multiple အသုံးပြုနိုင်ရန်