လူနှင့် ကိုးကွယ်မှု အကြောင်း

ကိုးကွယ်မှု အဓိပ္ပာယ်
           လူ့သမိုင်းဆရာတို့၏ အဆိုအရ လူသည် ခြေသလုံးအိမ်တိုင်ဘ၀မှ တဖြည်းဖြည်းချင်းယဉ်ကျေး
လာပြီးအစုအသင်းနှင့် နေတတ်လာသူများ ဖြစ်သည်ဟု သိရပါသည်။ မည်သို့ပင်ဖြစ်စေ လူသည်
 ကြောက်တတ်မှုနှင့် ရလိုမှု သဘောတရားများဖြင့် ဖွဲ့စည်းထားသော သဏ္ဍန်တစ်ခုသာဖြစ်ကြောင်း ထင်ရှား၏။

           လူ့လောကကြီးတွင် ကြောက်စရာအမြောက်အများ ရှိသည့်နည်းတူ ရယူခြင်စရာများနှင့်လည်း
ပြည့်နှက်လျှက်ရှိနေပါသည်။ ဒီရေတက်ခြင်း၊ မီးကြီးလောင်ခြင်း၊ လေမုန်တိုင်းကျခြင်း စသော သြကသလောက၏ ဘေးအန္တရာယ်များ ၊ မြွေဘေး၊ သစ်၊ ကျား၊ ဆင်ရိုင်းဘေး၊ မချစ်မနှစ်သက်သူဘေး
စသော သတ္တလောက၏ ရန်ပြုမှုများနှင့် နာဖျားမကျန်းမမာ၊ အိုနာသေရ ဘေးဒုက္ခများ၏ နှိပ်စက်ကလူ
ပြုမှုကို လူသားတို့သည် အလူးအလဲခံနေရသည်သာ ဖြစ်၏။ ဤသို့သော ဘ၀ဒုက္ခအန္တရာယ်များ၏ လှုံ့ဆော်
 ဖန်တီးမှုကြောင့် လူသားများသည် ကြောက်တတ်လာကြ၏။ ထိုဘေးဆိုး၊ ဘေးဒုက္ခတို့မှ ကင်းငြိမ်းမှုကို လိုလားလာကြသည်။ ကိုးကွယ်ရာကို ရှာဖွေလာခဲ့ကြပါသည်။

ဆက်ရန်>ဆက်လက်ရေးသားပေးပါမည်...
ဓမ္မပဒ။ ဂါထာ 188
         

Popular posts from this blog

အသုံးဝင် Website address Links များ

PDF Converter လေးသုံးကြမယ် PDF Converter Pro

Twitter Account အား Multiple အသုံးပြုနိုင်ရန်