အသည်း၌ ဖြစ်ပေါ်တတ်သော အလုံးအခဲများ

မိတ်ဆွေများခင်ဗျား...
ကျန်းမားရေးအတွက်ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ပါရန် ဒီပို့စ်လေးကိုရေးလိုက်၇တာပါ။
ခန္ဓာကိုယ်ပေါ်မှ အလုံးအခဲမျိုးစုံ ပေါ်ပေါက်တတ်သလို လူသားတို့၏အသည်းမှလည်း အလုံးအခဲအမျိုးမျိုး ဖြစ်ပေါ်လာတတ်ပါသည်။ ယင်းတို့အနက် အချို့တွင် ကင်ဆာရောဂါ ဖြစ်တတ်ပါသည်။
ကင်ဆာရောဂါသည်အရေးကြီးပါသဖြင့် အသည်း၌ဖြစ်ပေါ်လာသော အလုံးအခဲမှန်သမျှကို ကင်ဆာအမျိုးအစား ဟုတ်မဟုတ် စစ်ဆေးပေးရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံတွင် အသည်းကင်ဆာရောဂါသည် အလွန်ပေါများပါသည်။ အဆုတ်ကင်ဆာရောဂါပြီးလျှင် အသည်းကင်ဆာရောဂါသည် အပေါများဆုံးဖြစ်နေပါသည်။ ထို့ကြောင့် ရောဂါမဖြစ်မီ ကြိုတင်စစ်ဆေးရန်လိုအပ်ပြီး အသည်းအားထိခိုက်စေသော ဆေးများ၊ အရက် အလွန်သောက်သုံးခြင်း၊ မှိုပါသောအစားအစာများကိုလည်း ရှောင်ကျဉ်ရန်လိုအပ်ကြောင်းတိုက်တွန်းရေးသားလိုက်ရပါသည်။

Popular posts from this blog

အသုံးဝင် Website address Links များ

Facebook မှာ ကိုယ့် Profile Page ကိုဘယ်သူကြည့်သလဲ

PDF Converter လေးသုံးကြမယ် PDF Converter Pro