မြန်မာဘာသာဖြင့် အမုန်းပွားဖွယ်ကိစ္စများ ရေးသားနေသူတို့အား စောင့်ကြည့် ဖျက်သိမ်းရန် ဝန်ထမ်းတစ်ဦး ဖေ့စ်ဘွတ်မှ ခန့်အပ်ထားပြီ

ရန်ကုန်၊ အောက်တိုဘာ ၂၉
ဖေ့စ်ဘွတ်ပေါ်တွင်မြန်မာဘာသာဖြင့် အမုန်းပွားဖွယ် ကိစ္စရပ်များ ရေးသားနေခြင်းအပေါ် စောင့်ကြည့်ရန်နှင့် ရီပို့ပြုလုပ်ခံရမှုများပါက ယင်းပေ့ခ်ျတစ်ခုလုံးကို ဖျက်သိမ်း ပစ်နိုင်ရန်အတွက် မြန်မာစာတတ်ကျွမ်းသည့် ဝန်ထမ်းကို ဖေ့စ်ဘွတ်မှ ခန့်ထားပြီးဖြစ်ကြောင်း မြန်မာ့ဖွံ့ဖြိုးတိုးတက် ရေးအတွက် အိုင်စီတီအဖွဲ့(MIDO)မှ သိရသည်။
 ဖေ့စ်ဘွတ်တာဝန်ရှိသူများအနေနှင့် မြန်မာနိုင်ငံသို့ ယခုနှစ်အတွင်း လာရောက်ခဲ့ပြီး ဝန်ကြီးဌာနအချို့နှင့် တွေ့ဆုံခိုက်တွင် ဖေ့စ်ဘွတ်ကိုသုံး၍ ပြည်တွင်း၌ အမုန်း ပွားဖွယ်ကိစ္စရပ်များ ပြုလုပ်ကြောင်း ပြောဆိုမှုများကြောင့် ယင်းသို့ မြန်မာစာတတ်ကျွမ်းသည့်ဝန်ထမ်း ခန့်အပ် လိုက်ခြင်းဖြစ်သည်ဟု ဖေ့စ်ဘွတ်၏ Global Public Policy   ဌာန ဒါရိုက်တာဖြစ်သူက ယခုလနောက်ဆုံးပတ်က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပသည့်Internet Governance  ဖိုရမ်၌ အထက်ပါအဖွဲ့သို့
ပြောကြားခဲ့ခြင်း ဖြစ်သည်။

”မြန်မာနိုင်ငံသားလို့တော့ မပြောဘူး။ မြန်မာစာကို ကျွမ်းကျွမ်းကျင်ကျင် ရေးတတ်၊ ဖတ်တတ်မယ်။ သူက စီမံခန့်ခွဲရေးအပိုင်း ဖြစ်ဖို့များတယ်” ဟု MIDO မှ ဖိုရမ်သို့ တက်ရောက်ခဲ့သူ မထိုက်ထိုက်အောင်က ပြော သည်။

၎င်းဝန်ထမ်းက မြန်မာပြည်မှ အ သုံးပြုသူများ၏ ပေ့ခ်ျများကို အချိန်ပြည့် ကြည့်ရှုနေမည်မဟုတ်ဘဲ အမုန်းပွား ဖွယ်ဆန်သည့် ပဋိပက္ခအသွင်ဆောင် စကားလုံးများ ပါဝင် သည့် ပေ့ခ်ျတို့ကို သာ စောင့်ကြည့်မည်ဖြစ်သည်။ ထို့ပြင် မြန်မာပြည်မှ ပေးပို့သည့် တောင်းဆို ချက်(ရီပို့)များကိုလည်း လျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ရန်အတွက် ဖြစ် သည်ဟု သိရသည်။

ဖေ့စ်ဘွတ်၏ မူလစည်းမျဉ်းများ၌ ပင် ဖေ့စ်ဘွတ်ကိုအသုံးပြု၍ အမုန်းပွား စေသည့် အကြောင်းအရာများ ရေးသား ပေးပို့မှုမပြုရန် ချမှတ်ထားပြီး ယင်းအ တွက် နိုင်ငံတ ကာ ဘာသာစကားအများ စုတွင် အဆိုပါ အမုန်းပွားဖွယ်စကားလုံး များပါဝင်မှု ရှိ မရှိကို အလိုအလျောက် ထောက်လှမ်းရှာဖွေနိုင်သည့်စနစ် တပ် ဆင်ထားသည်ဟုလည်း သိရသည်။

”သူတို့ဆီမှာက ယူနီကုတ်ကိုတော့ သိတယ်။ ယူနီကုတ်နဲ့ရိုက်တယ်ဆိုရင် တော့ ဒီစကားလုံးတွေကို သူတို့ရဲ့စနစ် က အော်တိုမှတ်သားထားနိုင်တယ်” ဟု ၄င်းက ဆက်ပြောသည်။

လက်ရှိတွင် ဖေ့စ်ဘွတ်စာမျက်နှာ ပေါ်၌ အမုန်းပွားဖွယ်ကိစ္စများ ရေးသား နေသည်ကို တွေ့ရှိပါက ဖေ့စ်ဘွတ်မှ မှတ်သားထားမည်ဖြစ်ပြီး အဆိုပါ စာ မျက်နှာ ပိုင်ရှင်ထံ သတိပေးစာများ ပေးပို့ခြင်းနှင့် ပိုမိုဆိုးရွားလာပါက စာ မျက်နှာပိတ်သိမ်းခြင်းများ ပြုလုပ်သွား မည်ဟု သိရသည်။

သုတလင်း

Popular Myanmar News Journal

Popular posts from this blog

အသုံးဝင် Website address Links များ

PDF Converter လေးသုံးကြမယ် PDF Converter Pro

Twitter Account အား Multiple အသုံးပြုနိုင်ရန်