လေးဘက်နာအကြောင်း သိကောင်းစရာ (ASO များတိုင်းလေးဘက်နာမဟုတ်ပါ)

ကျွန်တော်အခုတင်ပြပေးမှာကတော့ ASO များတိုင်းလေးဘက်နာမဟုတ်ဘူးဆိုတာပါ။
“တွဲဖက်ပါမောက္ခ ဒေါက်တာချစ်စိုးရဲ့ အရိုးအဆစ်နှင့် အကြောရောဂါ” စာအုပ်မှ ကောက်နှုတ်ချက်ဖြစ်ပါတယ်။

ယနေ့အချိန်မှာ လူနာတွေရော၊ ဆရာဝန်တစ်ချို့ရော အစိုးရိမ်လွန်နေကြတာ တွေ့ရပါတယ်။ ASO များတာက ခန္ဓာကိုယ်တစ်နေရာမှာ Strept ဆိုတာ ပိုးဝင်ခဲ့ဖူးတယ် ဆိုတာကိုပဲပြတာပါ။ ၀က်ခြံရင်းရင်းလည်း ASO တက်မယ်။ ခလုတ်တိုက်မိလို့ ခြေမအနာဖြစ်သွားရင်လည်း  ASO တက်မယ်။
ခြင်ကိုက်ဖု လက်သဲနဲ့ဖဲ့မိလို့  အနာစိမ်းပေါက်လို့ စတဲ့ ASo တက်နိုင်တဲ့အကြောင်းတွေက အများကြီးပါပဲ။
ASO များတဲ့သူတွေထဲမှာ (1000) မှာ (1) ယောက်လောက်ပဲ ကံဆိုးလွန်းမှ နှလုံးတို့၊ အဆစ်တို့ထိတာပါ။
အဲဒီလို နှလုံး (သို့) အဆစ်ရောင်ဖြစ်တဲ့သူမှ  ပင်နီဆီလင် (5) နှစ်ထိုးဖို့ ၊ စားဖို့လိုမှာပါ။
လည်ပင်းနာတယ် ASO များတယ်ဆိုရင် Pen V အကြာကြီးသောက်နေကြပြီး လိုလို့ Pen V တစ်နေ့ (4) ကြိမ်၊
(10) ရက်သောက်ပါလို့ပေးလိုက်ရင်လည်း  ရက်ပြည့်အောင်မသောက်ပဲ (5) ရက်လောက်လည်းသောက်ပြီးရော လည်ပင်းနာတာ သက်သာတယ်ဆိုပြီး မေ့ထားတတ်ကြလို့ အမြစ်မပြတ်ပဲ ပြန်ဖြစ်နေကြတာပါ။ လို့ ရေးထားပါတယ်ခင်ဗျာ.......
 ဆေးပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်လျှက်
 ကောင်းသူရ

Popular posts from this blog

အသုံးဝင် Website address Links များ

Facebook မှာ ကိုယ့် Profile Page ကိုဘယ်သူကြည့်သလဲ

PDF Converter လေးသုံးကြမယ် PDF Converter Pro