Android Os ဖုန်းတွေမှာ တစ်နေ့တာလမ်းလျှောက်ခြင်းတွေကို တွက်ချက်ပေးမည့် Noom Walk apk

မိုးညိုမြို့၏ အိမ်ကလေးသို့လာရောက်ကြသောမိတ်ဆွေများခင်ဗျား...
ဒီပို့စ်လေးကတော့ Android Os ဖုန်းပေါ်ကနေပြီးတော့ တစ်နေ့တာ လမ်းလျှောက်ခြင်းတွေကို တွက်ချက်ပေးမဲ့ဆော့ဖ်ဝဲလေးဖြစ်ပါတယ်။ Android Os   အသုံးပြုသူတွေအတွက်
ဒီဆော့ဖ်ဝဲလ်လေးကိုအသုံးပြုထားမယ်ဆိုရင်ကိုယ့်ရဲ့တစ်နေ့တာ
လှုပ်ရှားမှုတွေဟာ နည်းနေသလား?၊ များနေသလားဆိုတာကို သိရှိနိုင်မှာဖြစ်ပါတယ်။
အားကစားလုပ်သူများ၊ အပြေးသမားများဆိုရင်လည်း ဒီဆော့ဖ်ဝဲလ်လေးဟာ အဆင်ပြေနိုင်မယ်ထင်ပါတယ်။ လှုပ်ရှားမှုနည်းပြီး အထိုင်များတဲ့သူတွေနဲ့လည်း ဒီဆော့ဖ်ဝဲလေးနဲ့တွက်ချက်ပြီး လှုပ်ရှားသင့်ပါတယ်။ ကဲ ဆော့ဖ်ဝဲလေးကိုလေ့လာကြည့်ရအောင်ဗျာ။


ဆော့ဖ်ဝဲလ်လေးကိုဖွင့်လိုက်ရင် အောက်ပါအတိုင်းမြင်တွေ့ရမှာဖြစ်ပါတယ်။



အထက်ပါပုံရဲ့ Start ဆိုတာကိုနှိပ်ပါ။ ဒါဆိုရင် fill out using facebook, fill out using Google+,  fill out
ဆိုပြီး  Facebook ပေါ်မှာကြည့်မလား၊ Google+ နဲ့ချိတ်ပြီး အသုံးပြုချင်သလား၊ Manual စနစ်နဲ့ အသုံးပြုမလားဆိုပြီး၊ ရွေးချယ်နိုင်ပါတယ်။  Manual ကိုရွေးပါမယ်ခင်ဗျာ။ နောက်တစ်ကွက်မှာ မိမိစိတ်ကြိုက် Username တစ်ခုပေးရပါမယ်။ပြီးရင်တော့ Mail လိပ်စာ တစ်ခုနဲ့ Password တစ်ခုကို ပေးပါ။Done ကိုနှိပ်ပါ။  Who else is walking ဆိုတဲ့ စာရှိတဲ့နေရာကိုနှိပ်လိုက်ပါ။ ဒီမြင်ကွင်းမှာ လူပုံလေးနဲ့နာမည်နေရာကိုထပ်နှိပ်ပါ။Setting ထဲကိုရောက်ရှိမှာဖြစ်ပါတယ်။ကိုယ့်စိတ်ကြိုက်ရွေးချယ်အသုံးပြုနိုင်ပါတယ်။ခင်ဗျာ..
ဆော့ဖ်ဝဲလေးလိုချင်ရင်တော့>>>>

Popular posts from this blog

အသုံးဝင် Website address Links များ

PDF Converter လေးသုံးကြမယ် PDF Converter Pro

Twitter Account အား Multiple အသုံးပြုနိုင်ရန်