တယ်လီနော ဆင်းမ်ကတ် ကျပ် ၁,၅၀၀ အောက်သာ ဖြစ်မည် လို့ ဆိုထားပြန်ပါတယ်ခင်ဗျာ

မြန်မာတိုင်း မှာအဲဒီလိုတွေ့ပါတယ်ခင်ဗျာ...  

တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီနှစ်ခု အနက် တစ်ခုဖြစ်သည့် Telenor ကုမ္ပဏီက တင်ဒါလိုင်စင်
ရပြီး ရှစ်လအတွင်း ကျပ် ၁,၅၀၀ ထက်နည်းသည့် ဈေးနှုန်းဖြင့် ဆင်းမ်ကတ်များကို မြန်မာပြည်သူ
များထံသို့ ရောင်းချပေးမည်ဟု Telenor Myanmar ၏ အမှုဆောင်အရာရှိချုပ် မစ္စတာ Petter
Furberg က ပြောသည်။
ထို့ပြင် ဖုန်းပြောဆိုခများကို ၂၅ ကျပ် ထက်နည်းပြီး ကောက်ခံပေးသွားမည် ဟုလည်း ၎င်းက
ပြောသည်။
"ကျွန်တော်တို့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံက လူတိုင်းလူတိုင်း မိုဘိုင်းဖုန်းအသုံးပြုနိုင်ဖို့
ရည်ရွယ်ပါတယ်။ လူတိုင်းအသုံးပြုနိုင်ဖို့က ဈေးနှုန်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဆင်းမ်ကတ်တွေ
ကို မြန်မာငွေ ကျပ် ၁,၅၀၀ ထက် နည်းတဲ့ဈေးနှုန်းနဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။ နောက်တစ်ခုက
တစ်မိနစ် ပြောဆိုခကို ၂၅ ကျပ်ထက် နည်းပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်"ဟု ၎င်းက
ပြောသည်။
မြန်မာတစ်နိုင်ငံလုံး၌ ဆင်းမ်ကတ်များ ၀ယ်ယူနိုင်မည့်နေရာ ခုနစ်သိန်းနီးပါးရှိရန် ဆောင်ရွက်သွား
ရန်စီစဉ်ထားပြီး ငွေဖြည့်ကတ်ဝယ်ယူနိုင်မည့် နေရာမှာ မြန်မာတစ်နိုင်ငံလုံး၌ ကိုးသိန်းမှ ၁၀ သိန်း
အထိ ထားရှိသွားမည်ဟု ၎င်းကပြောသည်။
"Telenor က ၀န်ဆောင်မှုပေးတဲ့ ဆင်းမ်ကတ်တွေဟာ အသံရော အင်တာနက်ပါ သုံးလို့ရတဲ့
ဆင်းမ်ကတ်တွေဖြစ်မယ်လို့ ထင်ပါတယ်"ဟု ၎င်းက ပြောသည်။

Popular posts from this blog

အသုံးဝင် Website address Links များ

PDF Converter လေးသုံးကြမယ် PDF Converter Pro

Twitter Account အား Multiple အသုံးပြုနိုင်ရန်