“ ဗုဒ္ဓဂါယာဒေသရှိ ရဟန်းတော်များ၏ မေတ္တာရပ်ခံချက် ”

“ ဗုဒ္ဓဂါယာဒေသရှိ ရဟန်းတော်များ၏ မေတ္တာရပ်ခံချက် ”

ဗုဒ္ဓဂယာ ဗုံးဖောက်ခွဲမှုနဲ့ ပတ်သက်လို့ ဦးဇင်းတို့ ဗုဒ္ဓဂယာဒေသရှိ မြန်မာရဟန်းတော်များမှ မြန်မာနိုင်ငံသားများကို အထူးမေတ္တာရပ်ခံလိုပါတယ်။ဗုံးဒဏ်ခံစားရသည့် ဦးဝိလာသဂ္ဂ၏ အခြေနေ ကောင်းမွန်လျက်ရှိပါတယ်။
ထို့အပြင် ဤကိစ္စသည် မြန်မာနိုင်ငံရဟန်းတော်များကို သီးခြားပစ်မှတ်ထား၍ တိုက်ခိုက်ခြင်းမဟုတ်ကြောင်း အောက်ပါ အချက်များအရ တွေ့ရှိရပါတယ်။(၁) 2012 ခုနှစ်ကုန်ခါနီးကထဲက အိန္ဒိယအစိုးရမှ ဗုဒ္ဓဂယာကို အကြမ်းဖက်မည့်သတင်းများရရှိသည်ဟု သတင်းထုတ်ပြန်ခဲ့ဘူးခြင်း။ (၂) ဗုံးဖောက်ခွဲမှုအပီး အခြားနေရာဒေသတွင် တွေ့ရှိသောာ ဗုံးများမှာ တိဘက်ကျောင်းတွင်းတွင်ဗုံး ၁ လုံးပေါက်ကွဲ ၊ ၂ လုံးမကွဲသေးတွေ့ရှိခြင်း ၊ထိုင်းကျောင်းတွင်း မပေါက် ကွဲသေးသော ဗုံး ၁ လုံးတွေ့ရှိခြင်း၊ ဂျပန်ကမာကုရ ထိုင်တော်မူရုပ်ပွားတော် ပလ္လင်တော်ကြားကလာပ်တွင် မပေါက်ကွဲသေးသော ဗုံး ၁လုံး တွေ့ရှိခဲ့ပြီး မြန်မာကျောင်း များတွင် မတွေ့ ရခြင်း။
(၃) ယခုကိစ္စကို မည်သည့်အဖွဲ့ မည်သည့်အကြောင်းကြောင့်ဟု အိန္ဒိယအစိုးရမှ မထုတ်ပြန်သေးဘဲ အကြမ်းဖက်အဖွဲ့ ဟု သာထုတ်ပြန်ထားခြင်း။
ဤ အချက်များကို ထောက်ဆ၍ မြန်မာ ရဟန်းတော်များအား သီးခြားပစ်မှတ်ထားပီး တိုက်ခိုက်ခြင်းမဟုတ်သည်မှာ ထင်ရှားပါသည်။
သို့ဖြစ်ပါ၍ ဤကိစ္စကို အကြောင်းပြုပြီး မြန်မာနိုင်ငံအတွင်း၌ လူမျိုးရေး ဘာသာရေးပဋိပက္ခများ ဖြစ်ပေါ်မလာစေရန်ု ဝိုင်းဝန်းထိမ်းသိမ်းစောင့်ရှောက်ကြပါရန် မေတ္တာရပ်ခံ သတင်းပေး ပို့ပါသည်။
(Ashin Kumuda Bawdhitahtaung)

Popular posts from this blog

အသုံးဝင် Website address Links များ

PDF Converter လေးသုံးကြမယ် PDF Converter Pro

Twitter Account အား Multiple အသုံးပြုနိုင်ရန်